ခရိုအေးရှားသမ္မတ

July 13, 2018

ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ပြင်သစ်ကို အနိုင်ရမည်ဟု ခရိုအေးရှား သမ္မတ ပြော

ပြင်သစ်အသင်းကို ခရိုအေးရှားက အနိုင်ရလိမ့်မယ်လို့ ခရိုအေးရှားသမ္မတ ကိုလင်ဒါ ဂရာဘာ ကစ်တာရိုဗစ်က ပြောလိုက်ပါတယ်။ နေတိုးအဖွဲ့ အစည်းအဝေးတက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲကို လာရောက်တုန်းမှာ ခရိုအေးရှားသမ္မတက ပြောဆိုလိုက်တာပါ။ ဒါ့အပြင် လာမယ့် ဇူလိုင် ၁၅ ရက်နေ့မှာ ကစားမယ့် ပြင်သစ်နဲ့ ခရိုအေးရှားတို့ရဲ့ ဗိုလ်လုပွဲကြည်ဖို့ ပြင်သစ်သမ္မတ အီမန်နူရယ် မာခွန်းနဲ့ မော်စကိုမှာ ဆုံကြဖို့ သဘောတူထားတယ်လို့လည်း ခရိုအေးရှားသမ္မတက ဆိုပါတယ်။ သူဟာ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ကစားတဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကိုတော့ နေတိုးအဖွဲ့ခေါင်းဆောင်တွေနဲ့ ညစာစားပွဲရှိတာကြောင့် မကြည့်ဖြစ်ခဲ့ဘူးလို့လည်း ပြောပါတယ်။ ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်တာ ဖြစ်ပါတယ်။
3 years Ago
Up