ခရိုင်းမီးယားတွင် ခြင်္သေ့ဖြူ ၄ ကောင်မွေး (ရုပ်သံ)

August 2, 2015

ခရိုင်းမီးယားတွင် ခြင်္သေ့ဖြူ ၄ ကောင်မွေး (ရုပ်သံ)

ရုရှားက သိမ်းယူထားတဲ့ ခရိုင်းမီးယားက တိုင်ဂန် တရိစ္ဆာန် ဥယျာဉ်မှာ ရှားပါး ခြသေ့င်္ ၄ ကောင် မွေးဖွားခဲ့ပါတယ်။ တရိစ္ဆာန်ရုံ မန်နေဂျာ အိုလက် ဇက်ကော့ဗ်က တောင်းထဲမှာ ခြင်္သေ ၄ ကောင်ကို ထည့်ပြီး သတင်းထောက်နဲ့ ဧည့်သည်တွေကို ဇူလိုင် ၂၉ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် လူတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။ ခြင်္သေတွေမှာ အမွေးအဖြူရောင်နဲ့ မျက်လုံး အပြာရောင်ရှိပြီး ရှားပါးမျိုးနွယ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။ "သူတို့ကို မွေးတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အားလုံးအခြေအနေကောင်းပါတယ်။ သူတို့ အစားအသောက်တွေ စားသလို အလေးချိန် အလျင်အမြန်တိုးတက်လာနေပါတယ်” လို့ ဇက်ကော့ဗ်က ပြောပါတယ်။ ဒီခြင်္သေအမျိုးအစားဟာ ကမ္ဘာမှာ ၁၀၀ ကျော်လောက်ပဲရှိတယ်လို့ ဆိုပါတယ်။ တိုင်ဂန် တရိစ္ဆာန် ဥယျာဉ်ဟာ ဥရောပမှာ အကြီးဆုံး ဖြစ်ပြီး ဧက ၈၉ ကျယ်ပြီး တရိစ္ဆာန် ၈၃ မျိုးရှိပါတယ်။
6 years Ago
Up