ခန္ဓာကိုယ်ကို ရွှံ့လိမ်းပြီး ဆင်နွှဲသည့် ဘရာဇီး ကာနီဗယ်ပွဲတော် (ရုပ်သံ)

A d v e r t i s e m e n t With Us

February 10, 2016

ခန္ဓာကိုယ်ကို ရွှံ့လိမ်းပြီး ဆင်နွှဲသည့် ဘရာဇီး ကာနီဗယ်ပွဲတော် (ရုပ်သံ)

တခြား နိုင်ငံတွေနဲ့ မတူတဲ့ ကာနီဗယ်ပွဲတော်ကို ဘရာဇီးကမ်းခြေမြို့မှာ ကျင်းပနေပါတယ်။ ပါရာတီဆိုတဲ့မြို့မှာ ဖေဖော်ဝါရီ ၅ ရက်ကနေ တပတ်ကြာကျင်းပတဲ့ ကာနီဗယ်ပွဲတော်မှာ ပါဝင်ဆင်နွဲသူတွေဟာ ဆေးရောင်စုံ မခြယ်ဘဲ ရွှံ့ဗွက်တွေကို လိမ်းကြတာပါ။ ဒီလို ပျော်ပွဲ ရွှင်ပွဲကို လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံ တံငါးသည်တွေက ခြင်အန္တရာယ်ကနေ ကင်းဝေးဖို့ ရွှံ့ရည်တွေ ကိုယ်မှာ သုတ်တာကို အလည်အပတ်လာသူတွေက  တွေ့ပြီး အခုလို အပြင်အဆင်မျိုးနဲ့ ကာနီဗယ်ပွဲတော်ကို ကျင်းပဖို့ ဖြစ်လာတာပါ။ အခုတော့ တပတ်ကြာ ပြုလုပ်တဲ့  ရွှံ့ဗွက် ကာနီဗယ် ပွဲတော်ဆီကို အယောက် ၃ ထောင်လောက် ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ နိုင်ငံခြားကနေ အလည်အပတ်လာသူတွေလည်း ပွဲတော်မှာ ပါဝင်ကြပါတယ်။
5 years Ago
Up