ခန္ဓာကိုယ် ဟန်ချက်ညီအောင်ထိန်းပြီး စကိတ်စီးစွမ်းရည် ပြသသည့် ခွေးကလေး

May 16, 2017

ခန္ဓာကိုယ် ဟန်ချက်ညီအောင်ထိန်းပြီး စကိတ်စီးစွမ်းရည် ပြသသည့် ခွေးကလေး (ရုပ်သံ)

ပျူရင်ဟာ အသက် ၁၁ နှစ်အရွယ်ရှိတဲ့ အိမ်မွေး အမဲလိုက်ခွေးပုလေးတကောင်ဖြစ်ပြီး အံ့မခန်းစွမ်းရည်ပြသနိုင်တဲ့ ခွေးကလေးတကောင် ဖြစ်ပါတယ်။ စကိတ်ဘုတ်ပြားကို ကျွမ်းကျွမ်းကျင်ကျင် စီးနိုင်သလို ဘောလုံးပေါ်မှာ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းပြီး ရပ်ပြနိုင်တာမျိုးတွေဟာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကတော့ ပိုင်ရှင်ဖြစ်သူ ဂျပန်နိုင်ငံသား မာကိုတို ကူမာဂိုင်က တိုကျိုမြို့က ပန်းခြံတခုတွင်းမှာ ရိုက်ကူး မှတ်တမ်းတင်ထားခဲ့တာပါ။ ချစ်စရာကောင်းတဲ့ ပျူရင်ဟာ စကိတ်ဘုတ်ပြားပေါ်မှာ ရှေ့ခြေ ၂ ဘက်ကိုတင်ကာ နောက်ခြေထောက်တွေနဲ့ မြေပြင်မှာ အားယူထောက်ပြီး အရှိန်ယူပြီးမှ ခြေ ၄ ချောင်းစလုံးနဲ့ တက်စီးလိုက်၊ အရှိန်လျော့သွားရင် ပြန်အရှိန်ယူလိုက်နဲ့ ရှိနေတာဟာ တကယ့်ကို အံ့ကြစရာကောင်းပါတယ်။
4 years Ago
Up