တရုတ်နိုင်ငံမှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတဦးဟာ သူ့ရဲ့ အံ့မခန်းစွမ်းဆောင်ရည်တခုဖြစ်တဲ့ ကိုယ်ခန္ဓာပျော့ပျောင်းမှု သရုပ်ပြမှုကို ရုပ်သံအစီအစဉ်တခုမှာ တင်ဆက်ခဲ့ပါတယ်။
သူမဟာ “မဖြစ်နိုင်တဲ့ စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့ စီစီတီဗွီရုပ်သံအစီအစဉ်ရဲ့ စွမ်းရည်ပြ ရှိုးပွဲတခုမှာ ခုလိုပြသနိုင်ခဲ့တာပါ။
ဆန်းဖိန်လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းခရိုင်မှဖြစ်ကာ ဒီရုပ်သံအစီအစဉ်ရဲ့ ဒုတိယရာသီမှာ ပါဝင်လာခဲ့တာပါ။
သူ့ရဲ့ ခန္ဓာကိုယ်ကို ခေါက်ချိုးပြီး ကင်းမြီးကောက်ထောင် သရုပ်ပြတင်ဆက်မှုဟာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး အမြင့် ၈ မီတာရှိတဲ့ ဖြတ်လမ်းတလျှောက်မှာ သေတ္တာအသေးတွေ၊ ဆလင်ဒါပုံဖြတ်လမ်းတွေ၊ လှေကားထစ်တွေကို ခက်ခက်ခဲခဲ ဖြတ်ကျော်ပြနိုင်ခဲ့တာကို တွေ့ရပါတယ်။
6 years Ago