ခန္ဓာကိုယ်ကို ချိုးခေါက်ပြသည့် အသက် ၆၈ နှစ်အရွယ် ထူးဆန်းအဘိုးအို (ရုပ်သံ)

November 15, 2015

ခန္ဓာကိုယ်ကို ချိုးခေါက်ပြသည့် အသက် ၆၈ နှစ်အရွယ် ထူးဆန်းအဘိုးအို (ရုပ်သံ)

တခြားသော အသက် ၆၈ နှစ်အရွယ်အဖိုးအိုတွေလိုပဲ မာဘီဂျန်ဟာ ခန္ဒာကိုယ် တွေကိုင်းနေပါပြီ။ ဒါပေမယ့် သူတို့နဲ့ကွဲပြားခြားနားနေတာကတော့ သူဟာ ခန္ဓာကိုယ်ကို တွန့်ကွေးပြနိုင်စွမ်းရှိသူဖြစ်နေတာပါပဲ။ ဘီဂျန်ဟာဟာ ကြက်ကင်တကောင်နဲ့ပုံသဏ္ဌာန်တူအောင် သူ့ရဲ့ခြေထောက်တွေကို ကွေးနိုင်စွမ်းရှိပြီး ခန္ဓာကိုယ်တခုလုံးကို တွန့်ကွေးပြနိုင်တဲ့ စွမ်းရည်တွေကြောင့် အင်ဒိုနီးရှားမှာ ကျော် ကြားလာခဲ့တယ်လို့ ဘားကရော့ဖ်တ်ရုပ်သံဌာနကဆိုပါတယ်။ သူဟာ ၁၉ ဒဿမ ၅ မီတာအကျယ်ရှိတဲ့ ပိုက်ထဲကို ခန္ဓာကိုယ်ကို ကျုံ့ပြီးချိုး ခေါက်ဝင်ပြနိုင်တဲ့အပြင် ခြေထောက်တွေကို ၁၈၀ ဒီဂရီပြန်ချိုးကာ နောက်ကျောနဲ့ကပ် ပြီး အစွမ်းပြနိုင်ပါသေးတယ်။ ဘီဂျန်ဟာ ဒီစွမ်းရည်တွေကို သူ့အသက် ၁၁ နှစ်သားမှာ စတင်တွေ့ခဲ့တာဖြစ်ပြီး သူ့ခြေထောက်မှာ စူးနေတဲ့ ဆူးကိုဖယ်ထုတ်ဖို့ မျက်နှာနားကို အနီးကပ်ဆွဲယူကွေးနိုင်ခဲ့တယ်လို့ ဒေးလီးမေရာသတင်းမှာ ဖော်ပြပါတယ်။ ခုလိုစွမ်းရည်ပြသနေတဲ့ ဘီဂျန်ကိုကြည့်ပြီး ပရိသတ်တွေက မျက်နှာရှုတ်မဲ့နေကြပေမယ့် သူကတော့ ခြေထောက်တွေ နာကျင်ခံစားရမှုတစုံတရာမရှိဘူးလို့ ဆိုပါတယ်။
6 years Ago
Up