စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ မြို့မရပ်ကွက် မှာ သြဂုတ် ၂၅ ရက်က ကျပ် ၁၈၅ သိန်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
“ကျနော်တို့ သတင်းရလို့ ရှာဖွေခဲ့ပါတယ်၊ အခုဖမ်းဆီးတဲ့အိမ်က ရောင်းနေတာကြာပါပြီ၊ အခုဖမ်းဆီးခဲ့တဲ့အိမ်က ခန္တီးမြို့မရပ်ကွက် မဟာလမ်းကြား မဝင်းဝင်းခိုင်နေအိမ်မှာ ဖမ်းဆီးမိခဲ့တယ်” လို့ ရဲတပ်သား ဗိုလ်အောင်ဒင်က ပြောပါတယ်။
စုစုပေါင်း ကျပ် ၁၈၅ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူအလေးအချိန် ၁၈၅ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြားရေ ၂၀၀၀၀ နဲ့ ငွေကျပ် ၃၄၀၀၀၀ ကျပ်တို့ကို ဒုရဲအုပ်ထိန်လင်းက ရှာဖွေပုံနဲ့ သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။
မဝင်းဝင်းခိုင်နဲ့ မောင်တင်ဝင်း တို့နှစ်ယောက်ကို မူး/စိတ် ပုဒ်မ ၁၅/၁၉(က)၊ ၂၀(က)၊ ၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ခန္တီးမြို့မရဲစခန်းက သိရပါတယ်။
အောင်ဆန်းမြင့်
5 years Ago