ခန္တီးတွင်

A d v e r t i s e m e n t With Us

August 11, 2017

ခန္တီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုတိယအကြိမ် ရေကြီး

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုတိယအကြိမ် ရေကြီးနေပြီး အနိမ့်ပိုင်းရပ်ကွက်အချို့ ပြောင်းရွှေ့နေရတယ်လို့ ခန္တီးဒေသခံ ကိုအောင်မျိုးက ဒီဗွီဘီကို ပြောပါတယ်။ “မိုးက မပြတ်ရွာနေတယ်။ ချင်းတွင်းမြစ်ရေက တက်မြန်နေတယ်။ ခုက ကျနော် နေတဲ့ ဈေးလမ်းထိပ်တော့ ရောက်နေပြီ။ ခန္တီးမြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းဖြစ်တဲ့ အောင်သာရပ်ကွက်၊ သာစည်ရပ်ကွက်ပေါ် မိုင်းရပ်ကွက်တွေ ရေဝင်ရောက်လို့ ပြောင်းရွှေ့နေရတယ်။” ဒုက္ခသည်စခန်းတွေကိုတော့ ပေါ်မိုင်းဘုန်းကြီးကျောင်းနဲ့ မြတ်သိန်းတန်ဘုရားကုန်းတွေ ဖွင့်လှစ်ထားပြီး ဘုန်းပေါ်မိုင်းဘုန်းကြီးကျောင်းမှာတော့ အိမ်ထောင်စု ၁၀ စုလောက် ရှိနေပြီလို့ သိ၇ပါတယ်။ သတင်း -အောင်ဆန်းမြင့်
4 years Ago

November 13, 2016

ခန္တီးတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မန်စီပွန်ဒေသတွင်းမှာရှိတဲ့ မကျန်ခ ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းအချိန်က မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂  ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူ ၂ ဦးဟာ ဇမ္ဗူသီရိကျောက်မျက်ကုမ္ပဏီ လုပ်ကွက်အနီး ကျောက်ရှာဖွေနေစဉ်မှာ မြေစာပုံပြိုကျခဲ့တဲ့အတွက် မြေပိဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ခန္တီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မြေစာပုံပြိုကျလို့ သေဆုံးခဲ့တဲ့ သူတွေကတော့ ခန္တီးမြို့နယ် မန်စီပွန်ကျေးရွာမှာနေထိုင်သူ အသက် ၃၈ အရွယ်ရှိတဲ့ ကိုမျိုးထွန်းဆိုသူနဲ့ ကျန်တဦးကတော့ ဘုတလင်မြို့နယ် သားဖန်းကျေးရွာမှာနေထိုင်သူ အသက် ၂၁ ရွယ်ရှိ ကိုဇော်မျိုးဝင်း တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ခန္တီးမြို့နယ်ရှိ ကျောက်လုပ်ငန်း ကုမ္ပဏီတွေတချို့ရဲ့ လုပ်ကွက်အများစု နေရာဝန်းကျင်မှာတော့ ယခင်ကတည်းက အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေကြတဲ့ ရေမဆေးကျောက်ရှာဖွေသူ များစွာပြီး မကြာခဏမြေစာပြိုကျလို့ အသက်ဆုံးရှုံးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ရန်နိုင်စိုး
4 years Ago
Up