ခွဲထွက်ရေးသမားများ

August 11, 2019

ယီမင် ခွဲထွက်ရေးသမားများ အေဒင်မြို့ကို ထိန်းချုပ်ပြီး အောင်ပွဲခံ

ယီမင်နိုင်ငံ တောင်ပိုင်းက ခွဲထွက်ရေးသမားတွေက အေဒင်မြို့ကို ထိထိရောက်ရောက် ထိန်းချုပ်အပြီး သြဂုတ် ၁၀ နေ့မှာ အောင်ပွဲခံခဲ့ကြပါတယ်။ ဒီမြို့ဟာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရရုံးစိုက်ရာမြို့လည်း ဖြစ်ပါတယ်။ လေးနှစ်ကြာ ယီမင် ပြည်တွင်းစစ် အဆုံးသတ်ရေး ကုလသမဂ္ဂ အားထုတ်မှုတွေလည်း ဒီဖြစ်ရပ်ကြောင့် ရှုပ်ထွေးကုန်ပါတယ်။ ခွဲထွက်ရေးသမားတွေက တောင်ပိုင်း ဆိပ်ကမ်းမြို့ထဲက အစိုးရစစ်တပ်စခန်း အားလုံးကို စနေနေ့မှာ ထိန်းချုပ် သိမ်းပိုက်လိုက်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ယီမင်အနာဂတ်နဲ့ ပတ်သက်ပြီး သမ္မတ အဘ်ဒယ်ရာဘူမန်ဆော်ဟာဒီနဲ့ စင်ပြိုင် လုပ်ငန်းစဉ်တွေ ရှိထားပေမယ့် ခွဲထွက်ရေးသမားတွေဟာ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ဖူးပါတယ်။  သူတို့ဟာ ၂၀၁၅ တည်းက ဟူသီတွေနဲ့ စစ်တိုက်နေတာပါ။ ခွဲထွက်ရေးသမားတွေနဲ့ အစိုးရ တပ်တွေကြား လေးရက်ကြာ တိုက်ပွဲအတွင်း အရပ်သား ၉ ယောက်ကျော်နဲ့ တိုက်ခိုက်ရေးသမား အယောက် ၂၀ ကျော် သေဆုံးတယ်လို့ မီဒီယာ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲအတွင်း အရပ်သားတွေ သူတို့ အိမ်တွေထဲမှာ ပိတ်မိနေပြီး ရေပြတ်နေတယ်လို့လည်း ရိုက်တာ သတင်းဌာနက ပြောပါတယ်။  ပြည်ထဲရေးဝန်ကြီးကို ညွန့်ပေါင်းတပ်တွေက ဘေးကင်းရာ ရွှေ့ထုတ်သွားပြီး သူ့အိမ်ကိုတော့ ခွဲထွက်ရေး သမားတွေက သိမ်းပိုက်ထားတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။  သမ္မတ ဟာဒီကတော့ ဆော်ဒီမြို့တော် ရိယာ့ဒ်မှာ အခြေစိုက် နေထိုင်ပါတယ်။
Zawgyi Version ယီမင္ ခြဲထြက္ေရးသမားမ်ား ေအဒင္ၿမိဳ႕ကို ထိန္းခ်ဳပ္ၿပီး ေအာင္ပြဲခံ DVB ယီမင္ႏိုင္ငံ ေတာင္ပိုင္းက ခြဲထြက္ေရးသမားေတြက ေအဒင္ၿမိဳ႕ကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္အၿပီး ၾသဂုတ္ ၁၀ ေန႔မွာ ေအာင္ပြဲခံခဲ့ၾကပါတယ္။ ဒီၿမိဳ႕ဟာ ႏိုင္ငံတကာ အသိအမွတ္ျပဳ အစိုးရ႐ုံးစိုက္ရာၿမိဳ႕လည္း ျဖစ္ပါတယ္။ ေလးႏွစ္ၾကာ ယီမင္ ျပည္တြင္းစစ္ အဆုံးသတ္ေရး ကုလသမဂၢ အားထုတ္မႈေတြလည္း ဒီျဖစ္ရပ္ေၾကာင့္ ရႈပ္ေထြးကုန္ပါတယ္။ ခြဲထြက္ေရးသမားေတြက ေတာင္ပိုင္း ဆိပ္ကမ္းၿမိဳ႕ထဲက အစိုးရစစ္တပ္စခန္း အားလုံးကို စေနေန႔မွာ ထိန္းခ်ဳပ္ သိမ္းပိုက္လိုက္တယ္လို႔ အရာရွိေတြက ေျပာပါတယ္။ ယီမင္အနာဂတ္နဲ႔ ပတ္သက္ၿပီး သမၼတ အဘ္ဒယ္ရာဘူမန္ေဆာ္ဟာဒီနဲ႔ စင္ၿပိဳင္ လုပ္ငန္းစဥ္ေတြ ရွိထားေပမယ့္ ခြဲထြက္ေရးသမားေတြဟာ ေဆာ္ဒီအာေရဗ် ဦးေဆာင္တဲ့ ၫြန႔္ေပါင္းတပ္ရဲ႕ အစိတ္အပိုင္း ျဖစ္ခဲ့ဖူးပါတယ္။ သူတို႔ဟာ ၂၀၁၅ တည္းက ဟူသီေတြနဲ႔ စစ္တိုက္ေနတာပါ။ ခြဲထြက္ေရးသမားေတြနဲ႔ အစိုးရ တပ္ေတြၾကား ေလးရက္ၾကာ တိုက္ပြဲအတြင္း အရပ္သား ၉ ေယာက္ေက်ာ္နဲ႔ တိုက္ခိုက္ေရးသမား အေယာက္ ၂၀ ေက်ာ္ ေသဆုံးတယ္လို႔ မီဒီယာ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။ တိုက္ပြဲအတြင္း အရပ္သားေတြ သူတို႔ အိမ္ေတြထဲမွာ ပိတ္မိေနၿပီး ေရျပတ္ေနတယ္လို႔လည္း ႐ိုက္တာ သတင္းဌာနက ေျပာပါတယ္။ ျပည္ထဲေရးဝန္ႀကီးကို ၫြန႔္ေပါင္းတပ္ေတြက ေဘးကင္းရာ ေ႐ႊ႕ထုတ္သြားၿပီး သူ႔အိမ္ကိုေတာ့ ခြဲထြက္ေရး သမားေတြက သိမ္းပိုက္ထားတယ္လို႔ အစိုးရအရာရွိေတြက ေျပာပါတယ္။ သမၼတ ဟာဒီကေတာ့ ေဆာ္ဒီၿမိဳ႕ေတာ္ ရိယာ့ဒ္မွာ အေျခစိုက္ ေနထိုင္ပါတယ္။
2 years Ago
Up