ခွဲထုတ်ရေးအုပ်စုခေါင်းဆောင်

June 30, 2021

နိုင်ဂျီးရီးယားနိုင်ငံက ခွဲထွက်ရေးအုပ်စုခေါင်းဆောင် ဖမ်းဆီးတရားစွဲခံရ

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းက ဘိုင်ယာဖရာလို့ သိကြတဲ့ နယ်မြေအတွက် ခွဲထွက်ရေးတိုက်ပွဲ ဆင်နွှဲနေတဲ့ အုပ်စုခေါင်းဆောင်ကို ဖမ်းဆီးအပြီး မြို့တော် အဘူဂျာမှာ တရားရင်ဆိုင်ဖို့ ထိန်းသိမ်းထားတယ်လို့ တရားရေးဝန်ကြီးက ဇွန် ၂၉ ရက်မှာ ပြောပါတယ်။

အန်နမ်ဒီခါနုဟာ တရားရုံးကို ရောက်လာပြီး သူ့အမှုကို ဇူလိုင် ၂၇ ရက်ထိ ရွှေ့ဆိုင်းထားတယ်လို့ အစိုးရ ပြောခွင့်ရက ပြောပါတယ်။

ခါနုကို ဇွန် ၂၇ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ဂျီးရီးယားကို ပြန်ခေါ်လာတယ်လို့ အစိုးရ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး အဘူဘာကာ မာလာမီက အစိုးရရုပ်သံ NTA ကို ပြောပါတယ်။

ဒါပေမဲ့ ခါနုကို ဘယ်နေရာကနေ ဖမ်းလာတယ်ဆိုတာ မပြောခဲ့ပါဘူး။ ခါနုဟာ ဘိုင်ယာဖရာ တိုင်းရင်းသားအုပ်စု (IPOB) ကို ဦးဆောင်သူပါ။ ဒီအုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ဂျီးရီးယားစစ်တပ်က တံဆိပ်ကပ်ထားပါတယ်။

IPOB အဖွဲ့ ပြောခွင့်ရကတော့ အဖမ်းခံရတဲ့ကိစ္စကို အတည်မပြုပါဘူး။ IPOB ခေါင်းဆောင်တွေဟာ နိုင်ဂျီးရီးယား အရှေ့တောင်ပိုင်းဒေသကို ခွဲထွက်ပြီး ဘိုင်ယာဖရာ သမ္မတနိုင်ငံအဖြစ် ၁၉၆၇ ကစပြီး ထူထောင်ဖို့ ကြိုးစားနေပါတယ်။

ဒါကြောင့် ၃ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ခဲ့ပြီး ပြည်သူ ၁ သန်းကျော်ရဲ့ အများစုဟာ အစာရေစာ ငတ်မွတ် သေဆုံးခဲ့ပါတယ်။

မေလမှာတော့ ဒီဒေသကို ရဲတွေက ထိုးစစ်ဆင်ပြီး ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု မြင့်လာလို့ နှိမ်နင်းဖို့လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် စစ်ပြန်ဖြစ်မှာကိုလည်း စိုးရိမ် ကြောက်လန့်နေကြပါတယ်။

7 months Ago
Up