ခွဲစိတ်ခန်းသုံး Mask

A d v e r t i s e m e n t With Us

October 30, 2020

ခွဲစိတ်ခန်းသုံး Mask  အခုရေ ၁ သန်း C.P. မွေးမြူရေးကုမ္ပဏီက လှူဒါန်း

မြန်မာနိုင်ငံအတွက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Mask  အခုရေ ၁ သန်း  C.P. မွေးမြူရေးကုမ္ပဏီက လှူဒါန်းလိုက်ပြီး ဆေးရုံနဲ့ ပြည်သူတွေဆီကို ဖြန့်ဝေပေးမယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဆေးဘက်ဆိုင်ရာသုံးအဆင့် ဒီနှာခေါင်းစည်းတွေကို ထိုင်းနိုင်ငံက C.P. Surgical Masks မှာ ထုတ်လုပ်တာဖြစ်ပြီး ကုမ္ပဏီ ဒုဥက္ကဋ္ဌက ကျန်းမာရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို အောက်တိုဘာ ၂၈ ရက်က ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ C.P. မွေးမြူရေးကုမ္ပဏီလီမိတက်ရဲ့ ဒုဥက္ကဋ္ဌ မစ္စတာ Uthai Tantipimolphan က “မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကို တွေ့ကြုံခဲ့ရပြီးတဲ့နောက် ကျနော်တို့အနေနဲ့ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် ကိုဗစ်-၁၉ ကို တိုက်ထုတ်နေတဲ့ ရှေ့တန်းလုပ်သားတွေအတွက် surgical masks ၁ သန်းကို မြန်မာပြည်မှာ ဖြန့်ဝေခြင်းဖြင့် ကူညီပေးလိုပါတယ်။ အဲဒီ surgical masks တွေဟာ ထိုင်းနိုင်ငံက ကျနော်တို့ရဲ့စက်ရုံဖြစ်တဲ့ C.P. Social Impact Company Limited မှာ ထုတ်လုပ်ထားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီနှာခေါင်းစည်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးနဲ့ လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ပေးရး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကော်မတီ (UEHRD) အဖွဲ့အစည်းတို့ကနေ ဖြန့်ဝေပေးမယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဦးဇော်သန်းထွန်း “ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေအနေနဲ့ လက်ရှိ ကမ္ဘာ့ကပ်ရောဂါကူးစက်တာကို တိုက်ထုတ်ဖို့ဆိုရင် surgical masks တွေ တပ်ဆင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ surgical masks တွေကိုလည်း လိုအပ်တဲ့ဆေးရုံတွေနဲ့ မြန်မာပြည်သူတွေဆီ ဖြန့်ဝေပေးမှာဖြစ်တယ်” လို့ ပြောပါတယ်။ C.P. - Charoen Pokphand Group ဟာ မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်ကစပြီး လုပ်ကိုင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
3 months Ago

August 22, 2020

တပ်မတော်က စစ်တွေမြို့ကို ခွဲစိတ်ခန်းသုံး Mask ၆ သိန်းအပါအဝင် ကုသရေးပစ္စည်းများ လှူဒါန်း

ရခိုင်ပြည်နယ် စစ်တွေမြို့ကို တပ်မတော်က ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Mask အခုရေ ၆ သိန်းအပါအဝင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးပစ္စည်းတွေ ပေးပို့လှူဒါန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲမှာ ရောဂါတွေ့ရှိရတဲ့ အခြေအနေတွေဟာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူတွေကတဆင့် ပြည်သူတွေအကြား တိတ်တဆိတ် ရောဂါပျံ့နှံ့ပြီး ထိန်းချုပ်ဖို့ခက်ခဲတဲ့ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် ပေါ်ပေါက်လာနိုင်တာကို သုံးသပ်တွေ့ရှိရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအန္တရာယ် မဖြစ်စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ သုံးဖို့အတွက် တပ်မတော်က လှူဒါန်းတဲ့ ပစ္စည်းတွေကို မနေ့ ညနေပိုင်းက နေပြည်တော်လေဆိပ်ကနေ တပ်မတော်လေယာဉ်နဲ့ စစ်တွေကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (Surgical Mask) အခု ၆ သိန်း၊  တကိုယ်ရေအကာအကွယ် ဝတ်စုံ (Personal Protective Equipment (PPE)) အစုံ ၂၅၀၀ စုံ၊ N95 Mask အခု ၂၅၀၀၊ အကာအကွယ်မျက်မှန် (Goggles) အခု ၂၅၀၀ ခု၊ (တခါသုံး လက်အိတ်) Examination Glove အခု ၄၀၀၀၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Glove) အခု ၃၀၀၀၊ မျက်နှာအကာ (Face Shield) အခု ၂၀၀၊ Hand Gel ၇၀၀ ဘူး၊ Hand Sanitizer ၂၀၀ ဘူး၊ အပူချိန်တိုင်းကိရိယာ (Non Contact Infrared Thermometer) အခု ၄၀၊ အရောင်ချွတ်ဆေး (Bleaching Powder) ၁၀ ပုံး၊ Sodium Hypochloride (15 L) ၁၀ ပုံး၊ ဆေးဖျန်းပုံး ၅ ပုံး၊ OT Gown အစုံ ၂၀၀၀၊ OT Cap အစုံ ၂၀၀၀၊ Biosafety Cabinet Unit ၁ လုံးနဲ့ ဓာတ်ခွဲစစ်ဆေးပစ္စည်း (Test Kit) အချောင်း ၂၀၀ တို့ကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။
5 months Ago
Up