ခွဲစိတ်ကုသ

November 4, 2020

မာရာဒိုနာ ဦးနှောက်သွေးခဲမှုကြောင့် ခွဲစိတ်ကုသမှုခံယူရမည် 

အာဂျင်တီးနား ဂန္ထဝင်ကစားသမား ဒီယေဂိုမာရာဒိုနာဟာ ပြင်းထန်တဲ့ ဦးခေါင်းအတွင်း သွေးယိုစီးမှု‌ကြောင့် အင်္ဂါနေ့မှာ ခွဲစိတ်ကုသမှုခံယူမယ်လို့ သူ့ဆရာဝန်က အတည်ပြုပါတယ်။ မာရာဒိုနာဟာ ရက်အတန်ကြာ နေမကောင်းဖြစ်ခဲ့ပြီးနောက် တနင်္လာနေ့မှာ ဆေးရုံတက်ခဲ့ရပါတယ်။ သူဟာ သောကြာနေ့ လူမြင်ကွင်းကို ပေါ်ထွက်လာမှုမှာလည်း အားနည်းပြီး အကူအညီနဲ့ လမ်းလျှောက်နေရတာကို မြင်တွေ့ခဲ့ရပါတယ်။  မာရာဒိုနာရဲ့ ဦးနှောက်အတွင်း သွေးခဲမှုရှိနေတာကြောင့် သူဟာ ခွဲစိတ်ကုသမှုခံ ယူခဲ့ရတာလည်း ဖြစ်ပါတယ်။ မာရာဒိုနာရဲ့အခြေအနေကို “ဒီယေဂို မာရာဒိုနာက သတိရနေပါပြီ။ သူဟာ လက်ရှိအခြေအနေတွေကို နားလည်လက်ခံခဲ့ပါတယ်။ သူဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါဟာ ပုံမှန်ခွဲစိတ်ကုသမှုပါ။ သူဟာ အာဂျင်တီးနား သမ္မတဟောင်းနဲ့ လက်ရှိဒုသမ္မတ ခရစ္စတီးနားလိုမျိုး ခွဲစိတ်မှုခံယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ မနေ့ကထက် ပိုကျန်းမာလာပါတယ်။ မကြာခင် ဆေးရုံက ဆင်းနိုင်တော့မှာပါ။ ကျနော်ကတော့ သူ့ကို ဆေးရုံမှာ ဆက်နေစေချင်ပါသေးတယ်။ သူ့မှာ သွေးနီဥ နည်းပါးနေပြီး၊ ရေဓာတ်ခန်းခြောက်မှုလည်း ရှိနေပါတယ်။ ကျနော်တို့ ဒါဟာ ပြုပြင်ဖို့နဲ့ သူ တိုးတက်မှုတွေ ရှိလာကို မြင်တွေ့ရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အချိန်လိုအပ်ပါတယ်” လို့ သူ့ရဲ့ဆရာဝန် လာကွီက ပြောပါတယ်။  ဆရာဝန်နဲ့ မာရာဒိုနာအကြား ဆေးရုံမှာ နေရမယ့်အချိန်နဲ့ပတ်သက်လို့က သဘောထားကွဲလွဲမှုတချို့ ရှိနေတယ်လို့ လာကွီက ဝန်ခံပြောဆိုခဲ့ပြီး သူ့ဘက်က ဂန္ထဝင်ကစားသမားကို ဆေးရုံမှာ အချိန်ကြာကြာနေစေချင်တယ်လို့ ပြောပါတယ်။  “သူ ပြန်ကောင်းလာတော့ ဆေးရုံကနေ ဆင်းချင်နေပါပြီ။ ကျနော်တော့ သူ့ကို ဆက်နေဖို့ ပြောထားပါတယ်။ သူဟာ အားလုံးကောင်းမွန်နေပါပြီ။ သူဟာ ကျနော်တို့ မျှော်လင့်ထားသလို ပြန်လည်ကျန်းမာလာပါပြီ။” မာရာဒိုနာ ဆေးရုံတက်နေရစဉ်အတွင်း သူ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဂျင်နာရှာလာပလာတာအသင်းရဲ့ ပရိသတ်တွေဟာ ဆေးရုံအပြင်ဘက်မှာ စုဝေးခဲ့ပြီး သူတို့နည်းပြကို လာရောက်အားပေးခဲ့ပါတယ်။  ဒီအချက်ဟာ မာရာဒိုနာ ပြန်လည်ကျန်းမာလာမှုမှာ အရေးပါတယ်လို့လည်း ဆရာဝန်က သုံးသပ်ပါတယ်။ မာရာဒိုနာဟာ သောကြာနေ့မှာ အသက် ၆၀ ပြည့်ခဲ့ပြီဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျန်းမာရေးပြဿနာများစွာနဲ့ ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။
2 years Ago
Up