ခွေးမျာ

July 10, 2020

ကမ္ဘောဒီးယား ပြည်နယ်တခုတွင် ခွေးများကို သတ်ဖြတ်ရောင်းဝယ်ဖောက်ကားမှု ပိတ်ပင်

ကမ္ဘာလှည့်ခရီးသည်တွေကြား လူကြိုက်များတဲ့ ကမ္ဘောဒီးယားနိုင်ငံက ပြည်နယ်တခုမှာ ခွေးတွေကို သတ်ဖြတ် စားသုံးဖို့အတွက် ရောင်းဝယ်ဖောက်ကားခြင်းတွေကို ပိတ်ပင်လိုက်ပါတယ်။  အန်ကောဝပ်ကျောင်းတော် တည်ရှိရာ ဆီယမ်ရိ(ပ်)ပြည်နယ်မှာ အခုလို ပထမဆုံး ပိတ်ပင်လိုက်တာပါ။  ဒီပြည်နယ်ဟာ နှစ်စဉ် ကမ္ဘာ့လှည့်ခရီးသည် နှစ်သန်းကျော် ဝင်ရောက်နေတဲ့ ပြည်နယ် ဖြစ်ပါတယ်။  ခွေးသားရောင်းတဲ့သူတွေကို ပထမဆုံး မရောင်းချဖို့  အရင်သတိပေးမှာဖြစ်ပြီး နောက်တခါဆို ဒဏ်ငွေ ရိုက်မယ်လို့ ဆိုပါတယ်။  တားဆီးပိတ်ပင်မှုတွေ ရှိနေတယ်ဆိုပေမဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့က တချို့ နေရာတွေမှာ  ခွေးသားရောင်းတာ၊ စားသောက်တာတွေ ရှိနေတုန်းပဲလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
10 months Ago
Up