ခွေးကြောင်

March 6, 2020

အိမ်မွေးတိရစ္ဆာန်မှတဆင့် ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်ဟု ဟောင်ကောင်တောရိုင်းဌာနပြော

လူနဲ့နီးစပ်တဲ့ အိမ်မွေးခွေးကြောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို လူသားတွေဆီ ကူးစက်စေနိုင်စွမ်းမရှိဘဲ သူတို့ ရဲ့ပိုင်ရှင်တွေကနေ ပိုးကူးစက်ခံရရင်တော့ ရောဂါဖြစ်စေတဲ့အဆင့် နည်းနည်း ရှိတယ်လို့ ဟောင်ကောင် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ တောရိုင်းထိန်းသိမ်းရေးဌာနက ပြောပါတယ်။  ပညာရှင်တွေဟာ ခွေးတကောင်ကို အားပျော့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်စေပြီး  ခွေးရဲ့နှာခေါင်းနဲ့ပါးစပ်က နမူနာတွေကို အသုံးပြုစမ်းသပ်ခဲ့ပါတယ်။  ဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ အိမ်မွေးတိရစ္ဆာန်ခွေးကြောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာ ရင်းမြစ်မဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖျားနာတာမဖြစ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။  ဟောင်ကောင်တက္ကသိုလ်ပြည်သူ့ ကျန်းမာရေးကျောင်း၊ ဟောင်ကောင်စီးတီးတက္ကသိုလ် တိမွေးကုကောလိပ်နဲ့ ကမ္ဘာလုံးဆိုင်ရာတိရစ္ဆာန် ကျန်းမာရေးအဖွဲ့ Organisation for Animal Health (OIE) တိုကြား သဘောတူထားတာကတော့ ခွေးတွေမှာ မပြင်းထန်တဲ့ အဆင့်နိမ့် ကူးစက်ခံရမှုရှိပြီး၊ ဒီဖြစ်စဉ်ဟာ လူသားကနေ တိရစ္ဆာန်ဆီကို ကူးစက်ပြန့်ပွားမှုသာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။  ယေဘုယျအားဖြင့်ကတော့ အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့ ပိုင်ရှင်တွေဟာ သူတို့ရဲ့ခွေးကြောင်တွေ သန့်ရှင်းရေးကို ဂရုစိုက်သင့်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုယ့်ခွေးကြောင်တွေကို ဘယ်လို အခြေအနေမှာမဆို စွန့်ပစ်စရာမလိုဘူးလို့လည်း ဟောင်ကောင်စိုက်ပျိုးရေး ငါးလုပ်ငန်းနဲ့ သစ်တောဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
1 year Ago
Up