ခွေးကလေး

February 24, 2020

တူရကီဘောလုံးပွဲစဉ်တခုတွင် ကွင်းထဲ ဘောလုံး ဝင်ကစားခဲ့သည့် ခွေးကလေး (ရုပ်သံ)

ဘောလုံးကွင်းထဲကို အမှတ်မထင် ရောက်ရှိလာခဲ့တဲ့ ခွေးလေးတကောင်ဟာ သူ့ရဲ့ ဘောလုံးစကေး ကျွမ်းကျင်မှုကြောင့် အစီအစဉ်တင်ဆက်သူရဲ့ ထုတ်ဖော်ချီးကျူးမှုကို ရရှိခဲ့ပါတယ်။  ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ကစားခဲ့တဲ့ တူရကီ ပရော်ဖက်ရှင်နယ် ဘောလုံးပွဲစဉ်တခုမှာ ဖြစ်ပွားခဲ့တာပါ။  ဘောလုံးပွဲ ယှဉ်ပြိုင်နေစဉ်မှာ ခွေးလေးဟာ ကွင်းထဲ ဝင်ရောက်လာခဲ့ပြီး ကစားနေတဲ့ ‌ဘောလုံးကို ယူဆောင်ကာ လှည့်ပတ်ပြေးလွှားခဲ့ပါတယ်။  ဒီဘောလုံးကို ကစားသမားတွေနဲ့ ဒိုင်လူကြီးတို့က ပြန်လည်ရယူဖို့ ကြိုးစားခဲ့ရပြီး ဒီဖြစ်ရပ်ကို ပရိသတ်တွေနဲ့ လုံခြုံရေးအဖွဲ့အဝင်တွေကလည်း မြင်တွေ့ခဲ့ရပါတယ်။  ပထမဆုံးအနေနဲ့ ကစားသမားတဦး‌က ဘောလုံးကို ကွင်းအပြင်ကန်ထုတ်ကာ ခွေးလေးအား လိုက်ဖမ်းစေခဲ့ပြီး ကွင်းပြင်ရောက်အောင် စီမံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ခဏလေးအတွင်းမှာ ဒီခွေးလေးဟာ ကွင်းထဲကို ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။  ဒါ့ကြောင့် ယှဉ်ပြိုင်ကစားနေတဲ့ ဖာတစ်ကာရာဂူးမက်စပေါအသင်းရဲ့ အသင်းခေါင်းဆောင် ဇီကီ ယီဒင်ရီက သူ့ကို ပွေ့ချီကာ ကွင်းအပြင်ထုတ်ပြီးမှ ပွဲကို ဆက်လက်ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်ဖာတစ်ကာရာ ဂူးမက်စပေါအသင်းဟာ ပြိုင်ဘက် ဂျီရီဆန်စပေါအသင်းကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
1 year Ago

November 2, 2019

မြွေတကောင်ကို ကိုယ်မှာပတ်ပြီး အိမ်ဝင်းထဲ ခေါ်လာတဲ့ ခွေးကလေး ရေပန်းစား

ခုရက်ပိုင်းတွင်း ထိုင်းလူမှုကွန်ရက်မှာ မြွေတကောင်ကို ကိုယ်မှာပတ်ပြီး အိမ်ဝင်းထဲခေါ်လာတဲ့ ခွေးကလေးတကောင် အကြောင်းရေပန်းစားနေပါတယ် ။  “သူ့ကို ခဏလေးအပြင်ပေးထွက်လိုက်တာကို ပြန်လာတော့ အဖော်ပါခေါ်လာတယ်၊ ကိုယ်မှာ အနက်ရောင်၊ အညိုရောင်နဲ့ အဝါရောင် အစင်းတွေပါတဲ့မြွေတစ်ကောင်၊ အဲဒီမြွေမျိုးက အုန်းပင်ပေါ်မှာ နေပြီး နေ့ခင်းဘက် မြက်တောတွေမှာ ရှာဖွေစားသောက်တတ်တယ်၊ ထိတ်လန့်ရင် ပါးပြင်ထောင်ပြီး ပါးစပ်ဟတယ်၊ ပေါက်တတ်တယ်၊  ဒါပေမဲ့ အဆိပ်မရှိဘူးဆိုလို့ ကြည့်နေတာ။ ကျနော့်ခွေးကလည်း မြွေကို တကယ်မကိုက်ဘဲ သာသာလေး ခဲတယ်၊ ဟိုမြွေကလည်း သူ့ကို တကယ်မပေါက်ဘဲ တကောင်နဲ့တကောင် ဆော့နေလိုက်တာ၊ ၁၀ မိနစ်လောက်လည်း ကြာရော မြွေလည်း မြက်တောထဲ ပြန်ပျောက်သွားရော၊ ကျနော့်ကောင်လည်း မောမောနဲ့ အိပ်ပျော်သွားတာပေါ့ ၊ လန့်နေလို့  ဗွီဒီယိုတော့ မရိုက်လိုက်ရဘူး” လို့ ခွေးပိုင်ရှင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ထားတာပါ။  ဒီအကြောင်းအရာကို Thailand Post ထိုင်းသတင်းနဲ့ Dog Cracy ခွေးချစ်သူများ စာမျက်နှာမှာ ပြန်တင်ထားပြီး ဘယ်နေ့က ဘယ်မှာဖြစ်ခဲ့သလဲဆိုတာတော့ ရေးမထားပါဘူး။  မှတ်ချက်တွေမှာတော့ ငါသာဆိုအဲဒီမြွေကို ရိုက်သတ်လိုက်ပြီ၊ အဆိပ်ရှိတဲ့မြွေသာဆို သွားပြီ၊ ခွေးကလည်း ဆော့စရာရှားလို့၊ သူတို့က အရင်ဘ၀ကွဲကွာနေတဲ့အဖော်ပြန်တွေ့ပြီ၊ ၂ ကောင်လုံး ချစ်စရာလေးပါ ………….. စသဖြင့် ‌ဝေဖန်ပြောဆိုနေကြပါတယ်။ Source: https://www.xn--42c2dgos8bxc2dtcg.com/83163/?bg&fbclid=IwAR3nMginit8hE5tuMNbLsllLWhmbykzv4a3-TYZvI2JvRzc6D2zDBNfRkAQ
2 years Ago
Up