ခွဲစိတ်ကုသမှုခံယူရင်း

June 3, 2018

ခွဲစိတ်ကုသမှုခံယူရင်း ဂစ်တာတီးသည့် ဂီတပညာရှင် (ရုပ်သံ)

ဂစ်တာတီးကာ ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ ဖြစ်စဉ်တစ်ခု အိန္ဒိယနိုင်ငံမှာ အခုလအစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ Daily Mail သီတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂီတပညာရှင် အလီဆိုသူက ခွဲစိတ်ကုသမှု ခံယူခဲ့သူဖြစ်ပြီး ဒီခွဲစိတ်မှုကို အိန္ဒိယနိုင်ငံ ဘန်ဂလောမှာရှိတဲ့ ဆေးရုံတခုမှာ ပြုလုပ်ခဲ့တာပါ။ အလီဟာ သူ့ရဲ့  ဘယ်ဘက်လက်ချောင်းများကို မသန်စွမ်းဖြစ်စေတဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုးကို ခံစားနေရသူလည်း ဖြစ်ပါတယ်။ ဒီရောဂါကုသဖို့ အလီက ခွဲစိတ်မှု ခံယူခဲ့တာဖြစ်ပြီး ခွဲခန်းမထဲမှာ ဂီတာနည်းနေခြင်းဖြင့် အလီရဲ့ လက်တွေကို မသန်စွမ်းဖြစ်စေတဲ့ ဦးနှောက်အာရုံကြောကို ခွဲစိတ်ဆရာဝန်တွေက ရှာဖွေခဲ့တာပဲဖြစ်ပါတယ်။ ကွန်ပျူတာ အင်ဂျင်နီယာတစ်ဦးအဖြစ်ပါ ဆောင်ရွက်နေသူ အလီဟာ ဒီရောဂါကို ပြီးခဲ့တဲ့ တနှစ်လောက်က စတင်ခံစားခဲ့ရတာဖြစ်ပြီး ဒီအခြေအနေကြောင့် အလီရဲ့ဂစ်တာတီးနိုင်စွမ်း ဟာ ၈၀ ရာခိုင်နှုန်းထိ လျော့ကျခဲ့ရပြီး သူ့ရဲ့ ဂီတသမားဘဝဟာလည်း အဆုံးသက်လုနီးပါး အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ “guitarist dystonia” လို့ခေါ်တဲ့ ဒီလိုရောဂါမျိုးကို ဂစ်တာသမားတွေရဲ့ တစ်ရာခိုင်နှုန်းလောက်က ခံစားရပြီး ကုသဖို့ ခက်ခဲတာကြောင့် ခွဲစိတ်ကုသနည်းကသာ အကောင်းဆုံးဖြစ်တယ်လို့ အာရုံကြောဆိုင်ရာပညာရှင် ဆရာဝန်တဦးက ပြောပါတယ်။ အလီရဲ့ရောဂါလက္ခဏာဟာ ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ သိရပြီး ဘယ်ဘက်လက် ငါးချောင်းလုံး လှုပ်ရှားဖို့ ခက်ခဲနေတာလို့ သိရပါတယ်။ ဒါပေမယ့် အလီရဲ့ ခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့ပြီး လက်ချောင်းတွေကို နောက်တကြိမ် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်း Daily Mail သတင်းမှာဖော်ပြထားပါတယ်။ အလီဟာ ခွဲစိတ်မှုအတွင်း ဂစ်တာတီးရုံတင်မဟုတ်ဘဲ သူရဲ့ ဖုန်းကိုတောင် အသုံးပြုခဲ့သေးတယ်လို့ သိရပါတယ်။
3 years Ago
Up