ခွဲစိတ်ကုသခံယူမှု အောင်မြင်

September 11, 2017

သမ္မတဦးထင်ကျော် ခွဲစိတ်ကုသခံယူမှု အောင်မြင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ပြီး အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့  နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ သမ္မတဦးထင်ကျော်ဟာ လိုအပ်တဲ့ ကျန်းမာရေး ဆေးစစ်မှုတွေ ခံယူဖို့အတွက် ဘန်ကောက်မြို့ကို စက်တင်ဘာ ၈ ရက်က သွားရောက်ခဲ့ပြီး ဆေးစစ်ခံယူရာမှာ အူလမ်းကြောင်းမှာ (Colonic Polyp)တွေ့ရှိခဲ့လို့ ခွဲစိတ်ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း  နေပြည်တော်ရှိ ခုတင် ၁ဝဝဝ ဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ပတ်သက်လို့  ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရပါတယ်။ ဓာတ်ပုံ-သမ္မတရုံး
4 years Ago
Up