ခြေ ၄ ချောင်း

December 21, 2020

ထိုင်းတွင် ခြေ ၄ ချောင်း လက် ၄ ချောင်းပါ ကလေးငယ် ၁ ဦး မွေးဖွားလာ 

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်းဖနုန်ခရိုင်ထဲမှာ ခြေ ၄ ချောင်း၊ လက် ၄ ချောင်းပါ ကလေး ၁ ဦး မွေးဖွားလာတယ်လို့  Amarin ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။  နခွန်းဖနုန်ခရိုင် ထာ့အူထဲန်းမြို့နယ်ရှိ ဝါထားနီး ဆိုသူ အသက် ၂၂ နှစ်ရွယ် ထိုင်းအမျိုးသမီး ၁ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ဒုတိယမြောက်ရင်သွေးကို နခွန်းဖနုန်ခရိုင်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။  ကလေးငယ်ဟာ ကိုယ်အလေးချိန် ၂၉၉၀ ဂရမ်ရှိ သမီးမိန်းကလေးဖြစ်ပြီး ကျန်းမာ လျက်ရှိကြောင်း၊ ဒါ‌ပေမယ့် ဘယ်ဘက်လက် ၂ ဘက်၊ ညာဘက်လက် ၂ ဘက် နဲ့ ဘယ်ခြေ ၂ ချောင်း ညာခြေ ၂ ချောင်း ပါလာခဲ့တယ်လို့  ဆိုပါတယ်။  နှလုံးမှာတော့ တစ်ခုတည်းပါပြီး အူမကြီးဟာ အရေပြားအောက် အပြင်ဘက်ကိုရောက်နေ တယ်လို့ တာဝန်ကျဆရာဝန်တွေက ပြောပါတယ်။ သူမဟာ ကိုယ်ဝန်ကို မြို့နယ်ဆေးရုံမှာ အပ်ခဲ့ပြီး သန္ဓေသားပုံမှန်မဟုတ်ဘူးလို့ ဆရာ ဝန်တွေက ပြောခဲ့ပေမယ့် အခုလို ခြေလက်တွေ အပိုပါလာမယ် မထင်ဘူးလို့ ကာယကံရှင်က သတင်းထောက်ကို ပြောပါတယ်။   အဆိုပါကိုယ်ဝန်ဟာ နဂိုက အမွှာပူးလေးဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် မိခင်မှာ ကိုယ်ဝန်အဆိပ်သင့်ခဲ့ဖူးပြီး ကလေးမွေးတော့ တယောက်မှာ ဦးခေါင်းနဲ့ကိုယ်လုံးတွေမရှိဘဲ ခြေနဲ့လက်သာ ပါခဲ့တာလို့ ဆေးရုံက ပြောပါတယ်။ ကလေးကို မိခင်ဖြစ်သူက ဖာဝိဒါလို့ နာမည်ပေးထားပြီး လက်ရှိ နခွန်ဖနုန်ဆေးရုံကနေ ပိုပြီးဆေးဝါးကရိယာပြည့်စုံတဲ့ ခွန်ကဲန် ဆရီနတ်ခလင်းဆေးရုံကို လွှဲပြောင်းလိုက်ကာ နခွန်ဖ နုန်ခရိုင်ဝန်ကလည်း ဆေးဖိုးဝါးခတွေ ကူညီခဲ့တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 
4 months Ago
Up