ခြောက်နှစ်ပြည့်

March 6, 2020

၆ နှစ်ကြာ ပျောက်ဆုံးခဲ့သည့်လေယာဉ်ကို ပြန်ရှာပေးရန် မိသားစုများ တောင်းဆို

ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းစဉ် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ရတဲ့  MH370 လေယာဉ်ပျောက်ဆုံးမှုဟာ လာမယ့်တနင်္ဂနွေမှာဆိုရင် ခြောက်နှစ်တိတိ ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ အဲဒီလေယာဉ်ကို စီးနင်းခဲ့တဲ့ ခရီးသည်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကတော့ ရှာဖွေမှုကို ပြန်စစေချင်နေတယ်လို့ လေယဉ်ပျောက်ဆုံးမှု ခြောက်နှစ်ပြည့်နှစ်ပတ်လည်မှာ ဆိုပါတယ်။  ၂၀၁၄ မတ်လမှာ လူ ၂၃၉ တင်ဆောင်ပြီး ပျောက်ဆုံးသွားခဲ့တဲ့ ဒီလေယာဉ်ကို မလေးရှား၊ တရုတ်နဲ့ ဩစတေးလျတို့က ၂ နှစ်ကြာ အောင်ရှာဖွေခဲ့မှုဟာလည်း တောင်ပိုင်းအိန္ဒိယသမုဒ္ဒရာ ထဲမှာ ၂၀၁၇ ဇန်နဝါရီရောက်တော့ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့တဲ့အတွက် ဖျက်သိမ်းလိုက်ရပြီး ဖြစ်ပါတယ်။  အဲဒီတုန်းက  ပင်လယ်ရေအောက်ရှာဖွေရေး လုပ်ငန်းဟာ ကုန်ကျစရိတ်ဒေါ်လာ သန်း ၁၃၀ ရှိခဲ့တာပါ။   MH370 လေယဉ်ပျောက်ဆုံးမှုကနေ ကမ္ဘာတဝန်းက ပြန်ရှာဖွေစုဆောင်းရမိသမျှ အပျက်အစီး အစိတ်အပိုင်း ၃၀ လောက်တွေ့ထားပြီး ဒီအထဲက အိန္ဒိယသမုဒ္ဒရာ ကမ်းခြေ တလျှောက်တွေ့ရတဲ့ အတောင်ပံအပျက်အစီး သုံးခုကိုသာ MH370 လေယာဉ်ကဖြစ်တယ်လို့ အတည်ပြုထားနိုင်ပါသေးတယ်။
1 year Ago
Up