ခြေရာခံ

A d v e r t i s e m e n t With Us

June 5, 2020

ကိုရိုနာကူးစက်မှု ခြေရာခံနိုင်မည့်ကိရိယာ စင်ကာပူ တီထွင်

စင်ကာပူနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ထိတွေ့မှုကို ခြေရာခံနိုင်မယ့် ဘလူးတုသ် ကိရိယာ တခုကို တီထွင်နေပြီး အောင်မြင်ခဲ့ရင် နိုင်ငံတွင်းမှာရှိတဲ့ လူအားလုံးကို ဖြန့်ဝေပေးသွားမယ်လို့ အစိုးရက  ဇွန်လ  ၅ ရက်မှာ ပြောကြားပါတယ် ။  လူဦးရေ ၅ ဒဿမ ၇ သန်းရှိတဲ့ စင်ကာပူမှာ နဂိုကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိတဲ့သူတွေနဲ့ ထိတွေ့မိသူတွေကို သတိပေးတဲ့ စမတ်ဖုန်း အက်ပလီကေးရှင်းကို တီထွင်ခဲ့ပါတယ်။  အခု ဘလူးတုသ်ကိရိယာကတော့ စမတ်ဖုန်းရှိစရာ မလိုဘဲ လူ့ကိုယ်မှာ အလွယ်တကူ တပ်ဆင်နိုင်ပြီး မကြာခင်ဖြန့်ဝေဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဘယ်လက်ခရစ်ရှနန်က လွှတ်တော်မှာ ပြောဆိုပါတယ်။  ကိုဗစ်-၁၉ ကို ခြေရာခံနိုင်တဲ့ ဒီစက်ကို လူ့ကိုယ်မှာ ကြိုးချိတ်ပြီးဖြစ်စေ၊ လက်ဆွဲအိတ်ထဲမှာ ဖြစ်စေ သယ်ဆောင်သွားနိုင်ပြီး ဘတ္ထရီအားသွင်းစနစ်နဲ့ ဖြစ်တယ်လို့ ဝန်ကြီးက ပြောကြောင်း ရိုက်တာမှာ‌ဖော်ပြထားပါတယ်။  
9 months Ago

April 12, 2020

ကိုရိုနာကူးစက်ခံများနှင့်ထိတွေ့သူများကို ခြေရာခံမည့် နည်းပညာစီမံကိန်း အမေရိကန်စစ်ဆေးမည်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် ကူးစက်ခံတွေနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံလိုက်မယ့် အက်ပဲလ်နဲ့ ဂူဂယ် နိုင်ငံတကာ ကော်ပိုရေးရှင်းတွေက ကြေညာတဲ့ စီမံကိန်းကို အမေရိကန်အစိုးရက ကြည့်ရှုစစ်ဆေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ၁၀ ရက်မှာ ပြောပါတယ်။  တကမ္ဘာလုံးမှာ သုံးနေတဲ့ စမတ်ဖုန်း ၉၉ ရာခိုင်နှုန်းရဲ့ အော်ပရေးရှင်း စနစ်တွေကို ထုတ်ပေးနေတဲ့ ဆီလီကွန် ချိုင့်ဝှမ်းက ကုမ္ပဏီ ၂ ရပ်ကြား ရှားရှားပါးပါး ညှိုနှိုင်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။  စီမံကိန်းအရ ဖုန်းသုံးစွဲသူရဲ့ ဖုန်းတွေဟာ ခြေရာကောက် နည်းပညာ စအလုပ်လုပ်တာနဲ့ တပြိုင်နက် သီးသန့် ဘလူးတုသ် အချက်ပြမှုကို ထုတ်လွှင့်မှာပါ။ အဲဒီနောက် ဖုန်းနဲ့ ၆ပေ အကွာက တွေ့ဆုံသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို စတင် မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။  တကယ်လို့ လူတယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ရှိနေမယ်ဆိုရင် အနီးဆုံး အက်ပဲလ်နဲ့ ဂူဂယ်တို့ဆီ ကုဒ်နဲ့မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကို စနစ်က ပေးပို့မှာဖြစ်လို့ ဖုန်းသုံးစွဲသူကို အချက်အလက်တွေ ပိုရှာဖို့ တပ်လှန့်နိုင်မှာ ဖြစ်ပါတယ်။  သူတို့ရဲ့ စီမံကိန်းဟာ ကူးစက်ခံရနိုင်ချေ မြင့်တဲ့ လူတွေကို စမ်းသပ်ပြီး ရောဂါ ခြေချုပ် အသွားအလာ ကန့်သတ်တာကို ပိုမြန်မြန်နဲ့ စိတ်ချလက်ချ အရှိန်မြှင့် နိုင်မယ့် အပလီကေးရှင်း သုံးစွဲမှု မြင့်တက်စေနိုင်ပါတယ်။  အသွားအလာ ကန့်သတ်မိန့် အဆုံးသတ်တာနဲ့ တပြိုင်နက်ဒီလို ခြေရာခံနည်းက မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကို ယူလိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။  ဒါပေမယ့် နည်းပညာနဲ့ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာ စိုးရိမ်မှု ဖြစ်နိုင်ချေ ရှိနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။ ကူးစက်မှု အသစ်တွေကို ဟန့်တားဖို့သာ ရည်ရွယ်တယ်လို့ ဂူဂယ်နဲ့ အက်ပဲလ် တို့က တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
11 months Ago
Up