ခြေစွမ်းမရှိ

October 30, 2020

မန်ယူခံစစ်အတွဲ ဆုဖလားများရယူရန် လုံလောက်သည့် ခြေစွမ်းမရှိသေးဟု ဖာဒီနန်သတိပေး

မန်ယူနိုက်တက် ဗဟိုခံစစ်အတွဲက ဆုဖလားတွေရယူနိုင်ဖို့အတွက် လုံလောက်တဲ့ ခြေစွမ်းမရှိသေးဘူးလို့ နောက်ခံလူဟောင်း ဖာဒီနန်က သတိပေးလိုက်ပါတယ်။  အသင်းခေါင်းဆောင် မက်ဂွိုင်ယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ ဗဟိုခံစစ်ဟာ လိုက်ဇစ်ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  ယူနိုက်တက်အသင်း ခံစစ်အတွဲဟာ ဘောလုံးပိုင်ဆိုင်မှုရရှိချိန်မှာ ကောင်းမွန်ပေမယ့် နေရာလွတ်တွေကို ပိတ်ဆို့တဲ့အပိုင်းမှာတော့ လိုအပ်ချက်တချို့ရှိတယ်လို့ ဖာဒီနန်က ဝေဖန် ခဲ့ပါတယ်။  အသင်းက ဘောလုံးပိုင်ဆိုင်မှုရထားပြီး ခံစစ်လူတွေက ကွင်းတစ်ဝက်မှာ ရှိနေချိန်မှာ တစ်ဦးချင်း ထိန်းချုပ်နိုင်မှု အားနည်းနိုင်တယ်လို့ ဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။  ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုးကတော့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ ၂ ဦးရှေ့မှာ ဖရက်ဒ်နဲ့ တွန်မီနေးတို့ ၂ ဦးထားကစားတာက အကူအညီရရှိစေပြီး အဲဒီလိုကစားကွက်ကြောင့် လိုက်ဇစ်နဲ့ပွဲမှာ ခြေစွမ်းပြသနိုင်တာလို့ သုံးသပ်ခဲ့ပါတယ်။ 
1 year Ago

September 23, 2020

မက်ဂွဲယားနှင့် လင်ဒီလော့ဖ်တို့ မန်ယူနိုက်တက်တွင် ကစားရန် ခြေစွမ်းမရှိဟု ဝေဖန်ခံရ

မန်ယူခံစစ်အတွဲဖြစ်တဲ့ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ထိပ်တန်းအဆင့်မှာ ကစားဖို့ လုံလောက်တဲ့ခြေစွမ်းမရှိကြောင်း အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ဝေဖန်လိုက်ပါတယ်။ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အမှားများခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ဆိုရင် မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ ဦးဆောင်ကစားနေတဲ့ ခံစစ်ပိုင်းကို ပစ်မှတ်ထားပြီး ဖြစ်နိုင်သမျှ ဖိအားပေး တိုက်စစ်ဆင်ကစားမှာဖြစ်တယ်လို့ အီရန်ရိုက်က ဝေဖန်ခဲ့တာပါ။ လူအများစုက တိုက်စစ်ပိုင်းမှာ အင်အားဖြည့်တင်းဖို့ ပြောဆိုနေကြပေမယ့် ယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေအနေက ဗဟိုခံစစ်ပိုင်းကို ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ အီရန်ရိုက်က သုံးသပ်ပါတယ်။ သူတို့နှစ်ဦးက မန်ယူအသင်းလို ထိပ်တန်းအသင်းမှာ ကစားဖို့ လုံလောက်တဲ့စွမ်းဆောင်ရည် မရှိကြောင်းနဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်ချင်တယ်ဆိုရင် ခံစစ်ပိုင်းကို ပြောင်းလဲမှုလုပ်ဖို့ လိုတယ်လို့ အီရန်ရိုက်က ဝေဖန်ခဲ့ပါတယ်။
1 year Ago
Up