ခြေစွမ်းပြ

November 9, 2020

မန်ယူအသင်း ခြေစွမ်းပြနေမှုကို မမြင်တွေ့လိုကြဟု မက်ဂွိုင်းယား ဝေဖန်

မန်ယူအသင်း ခြေစွမ်းပြနေတာကို လူတွေက မမြင်တွေ့လိုကြကြောင်း အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပြောပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးရွားခဲ့ပေမယ့် အဲဗာတန်အသင်းနဲ့ ပွဲမှာတော့ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲပြန်ရခဲ့ပြီး အသင်းနဲ့ပတ်သက်လို့ ဝေဖန်သူတွေကို ပြန်လည်ဝေဖန်ခဲ့တာပါ။  ယူနိုက်တက်နဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ သိလိုက်ရတာတစ်ခုက ယူနိုက်တက်အသင်းက ကမ္ဘာပေါ်မှာ လူပြောအများဆုံးအသင်း ဖြစ်နေတယ်လို့ မက်ဂွိုင်းယားက ပြောပါတယ်။ ဒီလို လူပြောများနေတာဟာ အရင်က အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့်ဖြစ်ပြီး လူတွေက ယူနိုက်တက်အသင်း ခြေစွမ်းပြနေတာကို မြင်တွေ့လိုခြင်း မရှိကြဘူးလို့ ဆိုပါတယ်။  အဲဒီလို ဝေဖန်မှုတွေနဲ့ ဆက်လက်ရှင်သန်သွားရမှာဖြစ်ပြီး အသင်းလေ့ကျင့်ရေးကွင်းကို အဆိုးမြင်တဲ့ သဘောထားတွေ ယူဆောင်လာခွင့်မပြုသင့်ပေမယ့် တခါတရံမှာတော့ ကစားသမားတွေအတွက် အခက်အခဲရှိတယ်လို့ မက်ဂွိုင်းယားက ပြောပါတယ်။ နောက်ခံလူ မက်ဂွိုင်းယားဟာ ယူနိုက်တက်အသင်း ရလဒ်ဆိုးချိန်မှာ အများဆုံး ဝေဖန်ခံနေရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
5 months Ago

October 17, 2020

အီဗရာဟီမိုဗစ်ကဲ့သို့ ကာဗာနီ ခြေစွမ်းပြနိုင်မည်ဟု ဒီယေဂိုဖော်လန်သုံးသပ်

တိုက်စစ်မှူး ကာဗာနီအနေနဲ့ အီဗရာဟီမိုဗစ်လို ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က  ပြောပါတယ်။  အသက် ၃၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ဆုံး ခဲ့ပြီးနောက် မန်ယူအသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ တနိုင်ငံတည်းသား တိုက်စစ်မှူးဟောင်းဖြစ်သူ ဒီယေဂိုဖော်လန်ကတော့ ကာဗာနီဟာ အီဗရာဟီမိုဗစ်လို ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ ချီးကျူးခဲ့တာပါ။  ဆွီဒင်တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ဟာ  ၂၀၁၆ ခုနှစ်က ပီအက်စ်ဂျီကနေ မန်ယူ အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။  ကာဗာနီက ထိပ်တန်းတိုက်စစ်မှူးအဖြစ်ရှိနေဆဲဖြစ်ပြီး ယူနိုက်တက်အတွက် ထိပ်တန်း ခေါ်ယူမှုတခုဖြစ်သလို လူငယ်တွေအတွက်လည်း အတွေ့အကြုံတွေရရှိစေမယ့် ကစားသမား ဖြစ်တယ်လို့  ဒီယေဂိုဖော်လန်က သုံးသပ်ပါတယ်။  ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုလည်း ကောင်းမွန်နေသေးလို့ ပရီးမီးယားလိဂ်နဲ့ အံဝင်မယ့် ကစားသမားဖြစ်တယ်လို့လည်း ကာဗာနီကို ဒီယေဂိုဖော်လန်က ချီးကျူးခဲ့ပါတယ်။ 
6 months Ago
Up