ခြေစွမ်းပိုကောင်း

A d v e r t i s e m e n t With Us

July 27, 2020

လာမည့်ရာသီ ခြေစွမ်းပိုကောင်းရန် လိုအပ်ဟု စပါးတိုက်စစ်မှူး ဟယ်ရီကိန်းပြော

လာမယ့်ရာသီမှာ ပိုကောင်းတဲ့ခြေစွမ်း ရရှိဖို့လိုအပ်တယ်လို့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောပါတယ်။  စပါးအသင်းဟာ ရာသီအစက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ရေပန်းစားခဲ့ပေမဲ့ ပြိုင်ပွဲ အပြီးမှာတော့ အဆင့် ၆ နေရာမှာရပ်တည်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်သာရရှိခဲ့တာပါ။  နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင် ၁ပွဲသရေကျခဲ့ပြီး ကောင်းမွန်စွာနဲ့ ရာသီသိမ်းနိုင်ခဲ့တယ်လို့ ဆိုနိုင်ပေမဲ့ တစ်ရာသီစာ ခြုံကြည့်ရင်တော့ လုံလောက်တဲ့ ခြေစွမ်းမရှိသေးကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။  လာမယ့်ရာသီမှာတော့ ပိုကောင်းတဲ့ ရလဒ်ရရှိဖို့အတွက် မကြာခင်စတင်တော့မယ့် ရာသီကြိုပွဲစဉ်တွေမှာ ကြိုးစား လေ့ကျင့်သွားဖို့ လိုတယ်လို့လည်း ဟယ်ရီကိန်းကပြောပါတယ်။  စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ အခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရပြီး ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို ၂၀၁၆-၂၀၁၇ နောက်ပိုင်း ၃ ရာသီဆက်တိုက် လွဲချော်ခဲ့ပါတယ်။ 
7 months Ago

June 20, 2020

မီနာမီနို ခြေစွမ်းပိုကောင်းလာဟု အသင်းဖော် ဂျိမ်းမီလ်နာ ချီးကျူး

ဂျပန်လက်ရွေးစင် မီနာမီနိုဟာ အရင်ကထက် ခြေစွမ်း ပိုကောင်းလာပြီလို့ အသင်းဖော် ဂျိမ်းမီလ်နာက ချီးကျူးလိုက်ပါတယ်။  မီနာမီနိုဟာ သြစတြီးယားကလပ်ဆဲလ်ဘက်အသင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်း အရွှေ့ကမှ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တာပါ။  ကိုဗစ်-၁၉ကြောင့် ဘောလုံးပွဲစဉ်တွေရပ်နားထားတဲ့အချိန်က မီနာမီနိုအတွက် အကောင်းဆုံး ပြင်ဆင်ချိန်ရခဲ့တာ ဖြစ်နိုင်တယ်လို့ မီလ်နာက သုံးသပ်ပါတယ်။  သူဟာ အသင်းရဲ့လေ့ကျင့်ရေးတွေ ပြန်လည်စတင်ချိန်မှာ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာ နိုင်ခဲ့ပြီး ရာသီဝက်ကာလကမှ အသင်းပြောင်းရွှေ့လာသူတဦးအနေနဲ့ ခြေစွမ်းပြဖို့ မလွယ်ကြောင်း မီလ်နာက ပြောပါတယ်။  ဘာသာစကားပြောဆိုမှုမှာ ရာနူန်းပြည့် အဆင်မပြေသေးပေမဲ့ မီနာမီနိုဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ကွင်းလယ်လူ မီလ်နာက ချီးကျူးခဲ့ပါတယ်။ 
9 months Ago
Up