ခြေစွမ်းကျဆင်း

July 12, 2020

ပွဲအမြောက်အမြား ကစားနေရသည့် ဂရင်းဝုဒ်အတွက် မစိုးရိမ်ဟု မန်ယူနည်းပြ ပြော

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပွဲများစွာကစားရလို့ ခြေစွမ်းကျဆင်းသွားတာမျိုး မေဆင်ဂရင်းဝုဒ်မှာ ဖြစ်လာနိုင်ဖို့မရှိဘူးလို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  အသက် ၁၈ နှစ်သာရှိသေးတာကြောင့် ပွဲများစွာကစားရတာက သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာကို စိုးရိမ်မှုတစ်ချို့လည်း ရှိလာပါတယ်။  ယူနိုက်တက်နည်းပြ ဆိုးရှားလ်က “ဒီအရွယ်မှာတော့  သူဟာအင်ပြည့်အားပြည့်ရှိနေပြီး ကြောက်စိတ်လုံးဝရှိမှာ မဟုတ်ပါဘူး။ သူ့ခေါင်းထဲမှာ ဘောလုံးကစားဖို့ကိုပဲ အမြဲစိတ်အားထက်သန်နေပြီးတော့ အားလပ်ရက်တရက်ရမယ်ဆိုရင်တောင် အဲ့ဒီနေ့မှာ သူ့သူငယ်ချင်းတွေနဲ့ ဘောလုံးသွားကစားမှာဖြစ်ပါတယ်။ ကျနော်သူ့အတွက် စိုးရိမ်မှုမရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ကစားသမားဘဝအတွက် သေချာပေါက် ဂရုစိုက်မှုလုပ်ဆောင်ပေးသွားမှာပါ။ သူဟာထူးချွန်တဲ့ကောင်းလေဖြစ်ပြီးတော့ ဘောလုံးကစားရတာကို တကယ်ကြိုက်တဲ့သူပါ။ ဒါ့ကြောင့် သူ့ကြိုးစားမှုအတွက် ဆုရလဒ်တွေကိုရရှိနေတာပါ” လို့ ပြောပါတယ်။ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းတိုးတက်ဖို့အတွက် သူ့ကိုအငှားချဖို့ ပြီးခဲ့တဲ့နွေရာသီမှာ ပြောဆိုမှုတွေရှိခဲ့ပေမယ့် ဆိုးလ်ရှား ကတော့ ဂရင်းဝုဒ်ဟာသူ့ရဲ့အစီစဉ်တွေထဲမှာ အဓိကနေရာကနေ အမြဲပါဝင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။  လူငယ်ကြယ်ပွင့်လေး ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်ကတည်းက ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်တစ်နေရာကို ရရှိခဲ့သူဖြစ်ပြီးတော့ ၆ ပွဲလုံးမှာ ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂရင်းဝုဒ်ဟာ ရက်ဖို့ဒ်၊ မာရှယ်တို့နဲ့အတူ ကြောက်စရာကောင်းတဲ့ သုံးယောက်  တွဲတိုက်စစ်မှာ ခြေစွမ်းပြနေပါတယ်။ သူဟာ ဒီရာသီအတွင်း ၁၆ ဂိုးမြောက်သွင်းဂိုးကို ဗီလာနဲ့ပွဲစဉ်မှာ သွင်းယူပေးခဲ့တာကြောင့်  ရွန်းနီနောက်ပိုင်း ယူနိုက်တက်အသင်းအတွက် ၃ ပွဲဆက်တိုက်ဂိုးသွင်းပေးနိုင်တဲ့ ဒုတိယမြောက် အသက်အငယ် ဆုံးကစားသမားဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
10 months Ago
Up