ခြေစွမ်းကောင်း

December 17, 2020

လီဗာပူးကို ရှုံးခဲ့သော်လည်း ခြေစွမ်းကောင်းခဲ့ဟု  မော်ရင်ဟို သုံးသပ်

လီဗာပူးကို ရှုံးနိမ့်ခဲ့ပေမဲ့ ခြေစွမ်းပိုင်းအပေါ် ကျေနပ်မှု ရှိတယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြော ပါတယ်။  စပါးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲစဉ်မှာ ၂ဂိုး ၁ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။ ပွဲချိန်အတွင်းမှာ စပါင်းအသင်းက ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ဘဲ ပွဲပြီးခါနီးရောက်မှာ ဖေမီနိုက ထောင့် ကန်ဘောကနေ ခေါင်းတိုက်ပြီး လီဗာပူးအတွက် အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ သရေရလဒ်ဖြစ်ခဲ့ရင်တော့ ကျေနပ်စရာ ရလဒ်ဖြစ်မှာ မဟုတ်ဘဲ အနိုင်ရဖို့ ပစ်မှတ်ထား ကစားခဲ့တာ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။  ခြေစွမ်းအပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ကျေနပ်စရာဖြစ်ပြီး ပွဲတိုင်းကို အနိုင်ရအောင် ချဉ်းကပ်ကစားခဲ့တာဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။  လီဗာပူးနည်းပြ ကလော့ပ်ကတော့ နိုင်ပွဲရလဒ်နဲ့ ထိုက်တန်မှုရှိတဲ့ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ် တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။ 
4 months Ago
Up