ခြေစမ်းပွဲ

July 30, 2021

မန်ယူအသင်းသားများကိုဗစ်ပိုးတွေ့သဖြင့် ပရက်စ်တန်နှင့် ခြေစမ်းပွဲကို ဖျက်သိမ်း

မန်ချက်စတာယူနိုက်တက်အသင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉ ယောက်လောက် စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပရက်စ်တန်နဲ့ ကစားမယ့်ခြေစမ်းပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဇူလိုင်၂၉ ရက်က ဘရန့်ဖို့ဒ်နဲ့ အိုးထရတ်ဖို့ဒ်ကွင်းမှာ ခြေစမ်းပွဲကစားခဲ့ပြီး နောက်တစ်နေ့မှာ ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးခဲ့ ကြတာပါ။ 

အသင်းလူစာရင်းရှိ ကစားသမားနဲ့ ဝန်ထမ်း စုစုပေါင်း ၉ ယောက်လောက်  ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ ခြေစမ်းပွဲကစားဖို့မဖြစ်နိုင်တော့ဘဲ ပရက်စ်တန်ပွဲလက်မှတ်ပွဲယူထားတဲ့ ပရိသတ်တွေကို ငွေပြန် အမ်းသွားမယ်လို့ အသင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဘရန့်ဖို့ဒ်အသင်းဟာလည်း ဝက်စ်ဟမ်းနဲ့ ဇူလိုင် ၃၁ ရက်မှာ ခြေစမ်းပွဲကစားဖို့ရှိပြီး ယူနိုက်တက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ပိုးရှိမရှိ စစ်ဆေး သွားရဦးမှာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အသင်းသားတွေကို နေအိမ်ပြန်ပို့ထားပြီး နောက်တစ်ကြိမ် စစ်ဆေးမှုခံယူပြီးမှ လေ့ကျင့်ခန်းဆင်းဖို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ ဆက်လက်ပြင် ဆင်မှာဖြစ်ပါတယ်။ 

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်၁၄ ရက်မှာ လိဒ်ယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပြီး နောက်ဆုံးခြေစမ်းပွဲအနေနဲ့ သြဂုတ် ၇ ရက်မှာ အဲဗာတန်နဲ့ ကစားဖို့စီ စဉ်ထားပါတယ်။

4 months Ago

July 19, 2021

မန်စီးတီးလူငယ် ၂ သင်းတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ခြေစမ်းပွဲများတွက် အခက်တွေ့နေ

 မန်စီးတီးလူငယ်အသင်း ၂ သင်းက ကစားသမားတွေမှာ ကိုဗစ်-၁၉ ရောဂါး ပိုးတွေ့ရှိခဲ့တာကြောင့် ခြေစမ်းပွဲတွေအတွက် အခက်တွေ့နေရပါတယ်။ 

ယူ ၂၃ နဲ့ ယူ ၁၈ လူငယ်အသင်းတွေက ကစားသမား ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေကစားဖို့ စီစဉ်ထားတဲ့ နည်းပြ ဂွါဒီယိုလာအတွက် အခက်တွေ့ဖို့ရှိနေတာပါ။ 

မန်စီးတီးအသင်းဟာ ယူရိုပြိုင်ပွဲအတွက် ကစားသမားအများအပြားစေလွှတ် ပေးခဲ့ရတာကြောင့် ရာသီကြိုခြေစမ်းပွဲတွေမှာ လူငယ်အများစုကို ခြေစွမ်းစမ်းသပ်ခွင့် ပေးဖို့ ပြင်ဆင်ထားတာပါ။ 

လက်တလော ကိုဗစ်-၁၉ ပျံ့နှံ့နေမှုကြောင့် ပရက်စတန်၊ ထရိုင်းရက်စ်တို့နဲ့ ခြေစွမ်း ပွဲတွေမှာ လူငယ်ကြယ်ပွင့်ကစားသမားတချို့ ပါဝင်ခွင့်မရနိုင်တော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ ပါတယ်။ 

မန်စီးတီးအသင်းဟာ အစောဆုံးပြိုင်ပွဲအဖြစ် လက်စတာအသင်းနဲ့ သြဂုတ် ၇ ရက်မှာ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းလေ့ကျင့်ရေးကွင်းတွေကိုလည်း ပိတ်ထားပြီး တနင်္လာနေ့ရောက်မှ ပြန်လည် ဖွင့်လှစ်မယ်လို့ သိရပါတယ်။

5 months Ago
More News
Up