ခြေစစ်ပွဲ

February 7, 2020

အိုလံပစ်ခြေစစ်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်

၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) နောက်ဆုံးပွဲစဉ်အဖြစ် မနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ဗီယက်နမ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်တဆင့်တက်ရောက်နိုင်ရေးအတွက် မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲချိန် ၆၂ မိနစ်မှာ ဗီယက်နမ်တိုက်စစ်မှူး Ngan Thi Van SU သွားယူခဲ့တဲ့ဂိုးနဲ့ ဗီယက်နမ်က အနိုင်ရရှိခဲ့တာပါ။ ၂၀၂၀ အိုလံပစ် အမျိုးသမီး အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) မှာ မြန်မာ၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းဟာ တပွဲမှ နိုင်ပွဲမရရှိခဲ့တာကြောင့် တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အတွက် နောက်ဆုံးကစားရမယ့် ၄ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဂိုးသမား မြဖူးငုံက "ကျနော်တို့အသင်းကစားသမားတွေ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီလိုပွဲတွေမှာ အာရုံစိုက်မှုတချက်လွတ်သွားတာနဲ့ ဂိုးပေးရတဲ့အခြေအနေကို ရောက်သွားပါတယ်။ ဂိုးပေးပြီးနောက်ပိုင်းမှာ ချေပဂိုးပြန်သွင်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ ဗီယက်နမ်အသင်းခံစစ်က အကောင်းဆုံးကစားသွားနိုင်လို့ ပွဲအပြီးမှာ ၁-၀ ဂိုးရလဒ်ပဲ အဆုံးသတ်ခဲ့တာပါ" လို့ ပွဲအပြီး ပြောကြားခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
1 year Ago

November 6, 2019

အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် တရုတ်က မြန်မာကို ၂-၀ ဂိုး ဖြင့်အနိုင်ရ 

အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီကနေ့ ညနေ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားကြရာမှာ တရုတ် ယူ-၁၉ အသင်းက မြန်မာ ယူ-၁၉ အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။   ၂၀၂၀ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီကနေ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် ညနေ ၆ အချိန်မှာ တောင်ကိုရီးယား ယူ-၁၉ အသင်းနဲ့ စင်ကာပူ ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားကြဖို့ ရှိပါတယ်။ ဓာတ်ပုံ- MFF
2 years Ago
More News
Up