ခြေကုပ်စခန်းများ

February 11, 2020

သူပုန် ခြေကုပ်စခန်းများကို ဆီးရီးယားအစိုးရတပ်များ ပြန်လည်သိမ်းပိုက်နိုင်

ဆီးရီးယားအစိုးရတပ်တွေဟာ အိဒလစ်နဲ့ အလက်ပိုခရိုင်တွေက သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်စခန်းတွေကို ထိန်းချုပ်မယ့် စစ်ဆင်ရေးအတွင်း ၆၀၀ စတုရန်း ကီလိုမီတာ ကျော်ရှိတဲ့ ပိုင်နက်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆီးရီးယားစစ်တပ်ပြောခွင့်ရက ပြောပါတယ်။ စစ်ဆင်ရေးအစိတ်အပိုင်းအနေနဲ့ လတ်တလောရက်တွေမှာ ဆီးရီးယား လက်နက်ကိုင် တပ်တွေဟာ မြို့ရွာပေါင်း ဒါဇင်ချီပြီး ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း စစ်တပ်က ပြောပါတယ်။ အိဒလစ်ပြည်နယ်အတွင်း အစိုးရထိုးစစ်ကြောင့် လူအယောက် ငါးသိန်းကျော်ဟာ သူတို့အိမ်တွေကနေ စွန့်ခွာပြီး ပိတ်ထားတဲ့ တူရကီနယ်စပ်ဆီ ထွက်ပြေးခဲ့ကြပါတယ်။ တူရကီစစ်ကား အစီးရေ ၄၃၀ လောက်ဟာ ၂၄ နာရီအတွင်း အိဒလစ်မြို့ထဲ ဖြတ်ဝင်လာခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။ တူရကီဟာ အိဒလစ်ပြည်နယ်ထဲက စစ်စခန်းတွေကို အားဖြည့်နေပြီး ဆီးရီးယား တပ်တွေနဲ့ မဟာမိတ်တွေရဲ့ ထိုးစစ်ဟာ လူသားချင်း စာနာမှု ကပ်ဘေးသစ် ပေါ်လာအောင် ခြိမ်းခြောက်နေတယ်လို့ ပြောနေပါတယ်။
1 year Ago
Up