ခြိမ်းခြောက်မှုအန္တရာယ်

November 4, 2020

ဗြိတိန်တွင် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုအန္တရာယ် တပ်လှန့်

ဗြိတိန်နိုင်ငံအတွင်း အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုအဆင့်ကို ဆိုးရွားပြင်းထန်တဲ့အဆင့်ထိ တပ်လှန့်ထားပြီးပြီလို့ ပြည်ထဲရေးဝန်ကြီး ပရစ်တီပတေးက နိုဝင်ဘာ ၃ ရက်မှာ ပြောဆိုလိုက်ပါတယ်။  ဒါဟာ အစိုးရရဲ့ အဆင့်သတ်မှတ် ခွဲခြားတဲ့စနစ်အရ တိုက်ခိုက်ခံရနိုင်ခြေ မြင့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သြစတြီးယားနိုင်ငံရဲ့ မြို့တော် ဗီယင်နာမှာ ဘာသာရေးစစ်ဝါဒီ သေနတ်သမားတယောက်က ပစ်ခတ်ခဲ့လို့ လူ ၄ ယောက် သေဆုံးအပြီး ဗြိတိန်က တပ်လှန့်မှုအဆင့်ကို မြှင့်လိုက်တာလည်း ဖြစ်ပါတယ်။ အစိုးရဌာနနဲ့ အေဂျင်စီပေါင်း ၁၆ ခုကို ကိုယ်စားပြုပြီး ပြည်တွင်းထောက်လှမ်းရေးဌာန MI5 က တာဝန်ခံတဲ့ အကြမ်းဖက်မှု အကဲဖြတ်ရေးပူးတွဲဌာနက ဗြိတိန်နိုင်ငံအတွင်း ခြိမ်းခြောက်မှုအဆင့်တွေကို ဆုံးဖြတ် သတ်မှတ်ပါတယ်။
1 year Ago
Up