ခြင်းလုံးအားကစားသမား

A d v e r t i s e m e n t With Us

April 23, 2020

မန္တလေးတွင် ခြင်းလုံးအားကစားသမား ၁၉၀ ကျော်အတွက် ရိက္ခာထောက်ပံ့

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက ခြင်းလုံးအားကစားသမား  ၁၉၄ ယောက်အတွက် ဒီကနေ့မနက်က မဟာမုနိဘုရားကြီး ပုရဝဏ်ရှိ  အဆင့်မြင့် ဝါဆိုခြင်းလုံးအားကစားရုံမှာ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။  မန္တလေးတိုင်း ၇ မြို့နယ်အတွင်းက နွမ်းပါးတဲ့ ခြင်းလုံးအားကစားသမားတွေ စားဝတ်နေရေးအဆင်ပြေစေဖို့  တစ်ဦးကို ဆန် ၁၂ ပြည်၊ ဆီ ၂ ပိဿာခွဲ၊  ကြက်သွန် ၃ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ်တစ်ဖာနဲ့ ကော်ဖီမစ် ၅ ထုပ် တန်ဖိုး ကျပ် ၃၀၀၀၀ ဖိုးလောက်ကို   ထောက်ပံ့ ပေးအပ်ခဲ့တာပါ။ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတဝန်းက ဒိုင်တွေ၊ နည်းပြတွေ  သရုပ်ဖော်တွေနဲ့ ဝါသနာရှင်တွေ အပါအဝင် နွမ်းပါးတဲ့ ခြင်လုံးအားကစားသမား ၅၀၀ ကျော်အတွက် ငွေကျပ် သိန်း၂၀၀ မတည်လှူဒါန်းပေးတာဖြစ်ပါတယ်။
10 months Ago
Up