ခြင်းလုံးခတ် ဆန္ဒပြ

February 10, 2021

တောင်ငူမြို့က လူငယ်များ ခြင်းလုံးခတ်ပြီး ဆန္ဒထုတ်ဖော်

စစ်အာဏာသိမ်းတာကို မလိုလားတဲ့ မထောက်ခံတဲ့ တောင်ငူမြို့ခံ လူငယ်ခြင်းလုံး အားကစားသမားတွေဟာ အာဏာရှင်စနစ်အလိုမရှိဆိုတဲ့ အင်္ကျီအနီတွေဝတ်ဆင်ပြီး လုံခြုံရေး ချထားတဲ့ မင်းကြီးညိုကြေးရုပ်တုရင်ပြင်မှာ ဒီကနေ့ ခြင်းခတ်ကစားပြပြီး ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်မှာ ကျောင်းသားတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့  ပြည်သူတွေ တစ်သိန်းလောက်ဟာ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ စစ်ကြောင်းတွေအလိုက် ချီတက်ဆန္ဒပြခဲ့ကြတာ လေးရက်တိုင် ရှိနေပြီ ဖြစ်ပါတယ်။

သတင်း - ရဲထွဋ်

2 years Ago
Up