ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံသွားမည့် လက်မှတ်ရောင်းချမှု ထိုင်းခြင်္သေ့လေကြောင်းလိုင်း ရှင်းရမည်

May 5, 2016

ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံသွားမည့် လက်မှတ်ရောင်းချမှု ထိုင်းခြင်္သေ့လေကြောင်းလိုင်း ရှင်းရမည်

မြန်မာနိုင်ငံကို ပျံသန်းခွင့် အတည်ပြုချက်မရရှိသေးဘဲ လေယာဉ်လတ်မှတ်တွေကို ရောင်းချတဲ့ ထိုင်းခြင်္သေ့လေကြောင်းလိုင်း (တီအယ်လ်အေ)က အမှုဆောင်အရာရှိတွေက ပို့ဆောင်ရေး ၀န်ကြီးဌာနကို ရှင်းပြရမှာ ဖြစ်ပါတယ်။ ဧပြီ ၂၅ ရက်က မြန်မာကို ပျံသန်းဖို့ မြန်မာလေကြောင်းအရာရှိတွေထံကနေ အတည်ပြုချက် မရှိဘဲ  အရောင်းမြှင့်တင်ရေး အစီအစဉ်အနေနဲ့ တီအယ်လ်အေက လက်မှတ်တွေ ရောင်းချခဲ့ရ မှာ တိုင်တန်းမှုတွေ ရှိလာပါတယ်။ မေ ၂၀ ရက်မှာ မြန်မာကိုသွားမယ့် လက်မှတ်တွေကို ရောင်းချခဲ့တာလို့ ထိုင်းဘန်ကောက်ပိုစ် သတင်းမှာရေးပါတယ်။ သယ်ယူပို့ဆောင်ရေး ၀န်ကြီး အတ်ဟွမ် တန်ပီတေရပိုင်စစ်ကတော့ ဒီလို လုပ်ဆောင်ချက်တွေ က ခွင့်လွှတ်စရာမဟုတ်ဘူးလို့ ပြောပါတယ်။ ထိုင်းက လေကြောင်းဆိုင်ရာ အာဏာပိုင်အဖွဲ့ကလည်း ဒီကိစ္စကို စစ်ဆေးနေသလို တီအယ်လ်အယ် အမှုဆောင်တွေကိုလည်း ရှင်းပြဖို့ ခေါ်ယူထားပါတယ်။ သွားရောက်မယ့်နိုင်ငံနဲ့ ထွက်ခွာတဲ့နိုင်ငံက တာဝန်ရှိသူတွေရဲ့ အတည်ပြုချက် မရှိဘဲ လေကြောင်းလိုင်းတွေက လတ်မှတ်ရောင်းချခွင့်မရှိပါဘူး။ တီအယ်လ်အေ တာဝန်ရှိသူတွေကတော့ နည်းပညာ အခက်အခဲကြောင့် ဒီခရီးစဉ်ကို ဖျက်သိမ်းတယ်လို့ ဆက်သွယ်ရာမှာ ပြောဆိုတယ်လို့ အမည်မဖော်လိုတဲ့ ခရီးသွားတဦးကို ကိုးကားပြီး သတင်းမှာရေးပါတယ်။ မြန်မာအာဏာပိုင်တွေဆီကနေ ပျံသန်းခွင့်ပြုချက်ရရှိဖို့ လေကြောင်းလိုင်းက ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မေ ၂၀ ကနေ ဇွန် ၁၅ ရက်အတွင်းရောင်းချထားတဲ့ လက်မှတ်တွေကို ငွေပြန်အမ်းပေးမှာ ဖြစ်ပေမယ့် အရောင်းမြှင့်တင်ရေး ကာလမဟုတ်ရင်တော့ ပြန်အမ်းပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
6 years Ago
Up