ချွန်ကျုံးရွာ

May 17, 2021

ဟားခါးမြို့နယ် ချွန်ကျုံးရွာအနီး ဗုံးပေါက်ကွဲသံနှင့် သေနတ်သံများကြားရ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးရွာအနီး (ဖလမ်းဘက်) မှာ ဗုံးပေါက်ကွဲသံနဲ့ သေနတ်သံတွေကို မေ ၁၆ ရက်နေ့ ညနေပိုင်းက ဆက်တိုက်ကြားရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ချွန်ကျုံးရွာဟာ ဟားခါးနဲ့ ဖလမ်းကြား ကားလမ်းမဘေးမှာရှိပြီး ဟားခါးကနေ ချွန်ကျုံးကို ​တက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို (CDF) ဘက်က ရွာမရောက်ခင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ချွန်ကျုံးရွာ တိုက်ပွဲအတွင်း ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ် (CDF) ဘက်က ဒဏ်ရာရသူတယောက် ရှိခဲ့တယ်လို့ ချွန်ကျုံးရွာခံတစ်ဦးက ပြောပါတယ်။

7 months Ago
Up