ချဲလ်ဆီးအသင်းဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ ချန်ပီယံအရည်အသွေး ပြသနိုင်ခဲ့တယ်လို့ အင်္ဂလန် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချီးကျူးပါတယ်။
လီဗာပူးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ၁ဝ ယောက် တည်းနဲ့ ကစားခဲ့ရပေမယ့် လီဗာပူးတိုက်စစ်ကို အကောင်းဆုံးခုခံပြီး အဝေးကွင်းမှာ သရေတစ်မှတ်ရယူနိုင်ခဲ့တာပါ။
ဂယ်ရီနဗီးလ်ကတော့ ချဲလ်ဆီးရဲ့ ခြေစွမ်းကို သဘောကျနေပြီး ချန်ပီယံ အရည်အသွေး ပြသနိုင်ခဲ့တာဖြစ်တယ်လို့ စကိုင်းစပေါ့နဲ့ သုံးသပ်ချက် အစီအစဉ်မှာ ချီးကျူးခဲ့တာပါ။
ဒုတိယပိုင်းမှာ ချဲလ်ဆီးက တည်တည်ငြိမ်ငြိမ်နဲ့ ကစားပြခဲ့ပြီး ပရီးမီးယား လိဂ်ချန်ပီယံမဖြစ်တာ ကြာပေမယ့်လည်း ချန်ပီယံအရည်အသွေး ပြသနိုင်ခဲ့တယ်လို့ နဗီးလ်က ပြောပါတယ်။
လီဗာပူးအနေနဲ့ကတော့ ချဲလ်ဆီးနဲ့ပွဲအပြီးမှာ သံသယဖြစ်စရာတွေနဲ့ ကွင်းထဲကနေ ထွက်ခွာကြလိမ့်မယ်လို့ နဗီးလ်က ပြောပါတယ်။
နဗီးလ်နဲ့အတူ သုံးသပ်တင်ဆက်ခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆယ်ဘိန့်ခ်ကလည်း ချန်ပီယံဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာ ချဲလ်ဆီးအသင်းပြသနိုင်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ဝေးကွာနေပေမယ့် ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။