ချဲလ်ဆီးလူငယ်ကစားသမားများ

October 30, 2019

ချဲလ်ဆီးလူငယ်ကစားသမားများ ပိုကောင်းနေရခြင်း လျှို့ဝှက်ချက် မန်ယူနည်းပြ ဆိုးလ်ရှားပြော

လူငယ်ကစားသမားတွေချင်း ယှဉ်လိုက်ရင် ချဲလ်ဆီးက ယူနိုက်တက်ထက် ပိုကောင်းနေတဲ့ လျှို့ဝှက်ချက်ကို နည်းပြဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးလူငယ်တွေက ပိုပြီးခြေစွမ်းပြနေတာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တခြားအသင်းတွေဆီမှာ အငှားထွက် ကစားနေတာကြောင့်ဖြစ်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက အလွန်စိတ်လူပ်ရှားစရာကောင်းတဲ့ အသင်းဖြစ်ပြီး နည်းပြ ဖရန့်လမ်းပတ်ဆီမှာ ချန်ပီယံရှစ်မှာ တစ်ရာသီစာ၊  နှစ်ရာသီလောက် အငှားထွက်ကစားခဲ့တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားကြောင်း၊ မိမိကစားသမားတွေကတော့ အခုမှ စတင်ခြေချလုနီးပါးအချိန်ပဲ ရှိသေးပြီး တွန်ဇန်ဘီဆိုရင် ပြီးခဲ့တဲ့နှစ်က ဗီလာမှာ သွားကစားခဲ့လို့ အဲဒီအကျိုးကျေးဇူးကို မြင်တွေ့ရပြီဖြစ်ကြောင်း ဆိုးလ်ရှား ပြောပါတယ်။ ချဲလ်ဆီးလူငယ်တွေဖြစ်တဲ့ အေဗရာဟမ်ဟာ ပြီးခဲ့တဲ့ ၃ ရာသီအတွင်းမှာ ဘရစ္စတိုးလ်၊ ဆွမ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတွေမှာ အငှားထွက်ကစားခဲ့ပြီး မေဆန်မောင့်ကတော့ ဗစ်တက်ဆီနဲ့ ဒါဘီ၊ တိုမော်ရီက ဘရိုက်တန်၊ဟားလ်စီးတီးနဲ့ ဒါဘီအသင်းတွေမှာ အငှားထွက်ကစားခဲ့ကြတာ ဖြစ်ပါတယ်။
2 years Ago
Up