ချဲလ်ဆီးနှင့် အာဆင်နယ်

June 29, 2020

အက်ဖ်အေဖလား ကွာတားပွဲစဉ်တွင် မန်စီးတီး၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့ အနိုင်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ နာမည်ကြီး အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ အသီးသီး အနိုင်ရသွားပါတယ်။  အာဆင်နယ်က အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှက်ဖီးယူနိူက်တက်ကို အနိုင်ရသွားတာပါ။ ချဲလ်ဆီးကတော့ အဝေးကွင်းမှာ လက်စတာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးကို လူစားဝင်လာတဲ့ ဘာကလေက ၆၃ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ဘာကလေကပဲ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။  မန်ချက်စတာစီးတီးအသင်းကတော့ အဝေးကွင်းမှာ နယူးကာဆယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။  မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ဒီဘရိုင်းနဲ့ စတာလင်းတို့က အသီးသီးသွင်းယူပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိ အက်ဖ်အေဖလား ချန်ပီယံအသင်း ဖြစ်ပါတယ်။ 
10 months Ago
Up