ချဲလ်ဆီးနည်းပြ ရှင်းလင်း

February 2, 2020

လက်စတာနှင့်ပွဲ ဒုတိယဂိုးသမားအသုံးပြုခဲ့သည့်ကိစ္စ ချဲလ်ဆီးနည်းပြ ရှင်းလင်း (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အစောပိုင်းပွဲစဉ်မှာ လက်စတာနဲ့ ချဲလ်ဆီး အသင်းတို့ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းနဲ့ ၂ ဂိုး စီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့ ဒုတိယဂိုးသမား ကာဘယ်လီယိုကို ပွဲထွက် အသုံးပြုခဲ့ပါတယ်။ ဂိုးသမား ကာဘယ်လီယိုအပေါ် ယုံကြည်မှုရှိလို့ အခုလို ပွဲထွက်ကစားစေခဲ့တာလို့ နည်းပြ လမ်းပတ်က ဖြေရှင်းလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ပွဲဆက်တိုက် ပွဲထွက်ကစားခဲ့တဲ့ စပိန်ဂိုးသမား ကီပါကိုတော့ နည်းပြ လမ်းပတ်က အရန်ခုံမှာပဲ ထားခဲ့တာ ဖြစ်ပါတယ်။ ကီပါဟာ နယူးကာဆယ်၊ အာဆင်နယ် အစရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အမှားအယွင်း များခဲ့တာကြောင့် နည်းပြ လမ်းပတ်က ချန်လှပ်ခဲ့တာပါ။ ကာဘယ်လီယိုကို ပွဲထွက် ကစားစေခဲ့တာက မိမိရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလက်စွမ်းရှိတာကြောင့် ဂိုးသမားနေရာ အပြောင်းအလဲ လုပ်ခဲ့တာလို့ လမ်းပတ်က ပြောပါတယ်။ ဆက်လက်ပြီး အရန်ခုံထိုင်ခဲ့ရတဲ့ ဂိုးသမား ကီပါအနေနဲ့ သူ့ရဲ့အမှားတချို့ကနေ ဂိုးတွေ ပေးခဲ့ရတယ်ဆိုတာ ရိုးရိုးသားသား ဝန်ခံရမှာဖြစ်ပေမယ့် ဖြစ်တတ်တဲ့သဘောသာ ဖြစ်ပြီး တိုးတက်လာဖို့ပဲ လုပ်ဆောင်ရမယ်လို့ လမ်းပတ်က ပြောပြသွားတာပါ။
1 year Ago
Up