ချဲလ်ဆီးနည်းပြ

August 12, 2021

စူပါဖလား ပင်နယ်တီအဆုံးအဖြတ်တွင် ဂိုးသမားကီပါကို လူစားလဲရန်ပြင်ဆင်ခဲ့ဟု ချဲလ်ဆီးနည်းပြ ပြော

ဗီလာရီးရဲလ်နဲ့ ဥရောပစူပါဖလားပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန် အရန်ဂိုးသမား ကီပါကို လူစားဝင်ဖမ်းစေဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ချဲလ်ဆီးနည်းပြတူချယ်ကပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗီလာရီးရဲလ်နဲ့ ပွဲစဉ်မှာ တစ်ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ကန်ဖို့ ဖြစ်လာချိန်မှာ အရန် ဂိုးသမားကီပါကို မန်ဒီရဲ့နေရာမှာလူစားဝင်ကစားစေခဲ့တာပါ။

ကီပါဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ၂ ကြိမ် ကာကွယ်နိုင်ခဲ့ပြီး ၆ ဂိုး ၅ ဂိုးနဲ့ ချဲလ်ဆီးအသင်းကအနိုင်ရခဲ့တာပါ။

ပင်နယ်တီကာကွယ်တဲ့ အချက် အလက်ရှာဖွေပေးသူနဲ့ ဂိုးနည်းပြတို့ရဲ့ အကြံပေးချက်အရ ဂိုးသမားကီပါက အကောင်းဆုံးဖြစ်တာကြောင့်  အားလုံးနဲ့ ညှိနိူင်းပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နည်းပြတူချယ်ကပြောပါတယ်။ 

တူချယ်က “ ဂိုးသမား မန်ဒီကလည်း လူစားလဲဖို့ လက်ခံပေးခဲ့တာက နှစ်သက်စရာပါ။ ဘန်စလေနဲ့  ဖလားပွဲစဉ်ကတည်းက ဒီအစီအစဉ်လုပ်မယ်ဆိုတာ သိကြပါတယ်။အသင်းအတွက် အကောင်းဆုံး ဖြစ်စေမယ့်အရာက အဓိကလိုအပ်ချက်ဖြစ်တာအမှန်ပါပဲ။ ပင်နယ်တီကာကွယ်မှုမှာ ကီပါက အကောင်းဆုံးဆိုတာ သက်သေပြခဲ့တယ်။ ဂိုးသမား၂ယောက်လုံးကနှစ်သက်စရာပါပဲ။ သူတို့ ၂ ယောက်လုံးအတွက် ပျော်ရွှင်ပါတယ်” လို့ နည်းပြတူချယ်က ပြောပါတယ်။ 

4 months Ago

August 5, 2021

လူကာကူ အပြောင်းအရွှေ့ကိစ္စ ဖြေကြားရန် ချဲလ်ဆီးနည်းပြ ငြင်းဆန်

အင်တာမီလန်တိုက်စစ်မှူး လူကာကူရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်လို့ ဖြေကြားရန်မရှိကြောင်း ချဲလ်ဆီးနည်းပြတူချယ်က ပြောပါတယ်။ 

ချဲလ်ဆီးအသင်းဟာ လူကာကူကို ခေါ်ယူဖို့ အင်တာမီလန်းအသင်းဆီ ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတယ်လို့သတင်းထွက်ပေါ်နေတာပါ။ 

စပါးအသင်းနဲ့ ၂၂ ဂိုးစီသရေကျခဲ့တဲ့ ခြေစမ်းပွဲ အပြီးမှာတော့ လူကာကူက အသင်းရှိ ကစားသမားမဟုတ်တာကြောင့် သူနဲ့ပတ်သက်လို့ ဖြေကြားမှာ မဟုတ်ကြောင်း နည်းပြတူချယ်က ပြောခဲ့တာပါ။ 

သူ့အသင်း လူစာရင်းမှာ မပါဝင်တဲ့ ကစားသမားအကြောင်းကို ပြောမှာမဟုတ်ဘဲ လူကာကူက နှစ်သက်စရာ ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း၊ဒါပေမဲ့ သူက အင်တာမီလန် ကစားသမားဖြစ်ပြီး၊ ဒီလိုအခြေအနေမှာ လေးစားမူရှိရမှာဖြစ်လို့ သူနဲ့ပတ်သက်ပြီး မပြောချင်ကြောင်း  နည်းပြတူချယ်ကပြောပါတယ်။

တိုက်စစ်မှူး လူကာကူဘက်ကတော့ ချဲလ်ဆီး အသင်းဆီ ပြန်လည်ပြောင်းရွှေ့ချင်ကြောင်း အင်တာမီလန် အသင်းဆီ ပြောပြထားတယ် လို့ သတင်းထွက်ပေါ်နေပါတယ်။ 

4 months Ago
More News
Up