ချဲလ်ဆီးတိုက်စစ်

A d v e r t i s e m e n t With Us

June 20, 2020

တီမိုဝါနာ ပါဝင်လာမည့် ချဲလ်ဆီးတိုက်စစ်အပေါ် စိတ်လှုပ်ရှားမိဟု နည်းပြလမ်းပတ်ပြော

ချဲလ်ဆီးအသင်းကို တီမိုဝါနာပြောင်းရွှေ့လာမယ့်အပေါ်မှာ စိတ်လူပ်ရှားမိတယ်လို့ အသင်းနည်းပြ ဖရန့်လမ်းပတ်က ချီးကျူးပါတယ်။  ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး တီမိုဝါနာကို ဂျာမန်ဘွန်ဒက်စ် လီဂါကလပ် လိုက်ဇစ်အသင်းကနေ ယူရိုသန်း ၅၀ နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။  အခုနှစ်ရာသီကုန်အထိ လိုက်ဇစ်အသင်းမှာ ဆက်လက်ကစားမှာဖြစ်ပြီး လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။  ဝါနာဟာ အသင်းက နှစ်သက်သဘောကျတဲ့ တိုက်စစ်မှူးဖြစ်ပြီး အရည်အသွေးမြင့် ကစားသမားအဖြစ် အရင်ကတည်းက သတ်မှတ်ထားတယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။  အသင်းတိုက်စစ်အတွက် အားသာချက်တွေရှိလာနိုင်ပြီး တီမိုဝါနာကို အသုံးပြုနိုင်တော့မယ့် အပေါ်မှာ စိတ်လူပ်ရှားမိကြောင်း လမ်းပတ်ကပြောပါတယ်။  စတုဂတ်အသင်းနဲ့ ကစားသမားဘ၀ စတင်ခဲ့တဲ့ ဝါနာဟာ ၂၀၁၆ ခုနှစ်မှာ လိုက်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် လက်ရှိ အချိန်အထိ ၉၃ ဂိုးသွင်းယူထားပါတယ်။  ချဲလ်ဆီးဟာ အေဂျက်ဇ် တောင်ပံတိုက်စစ်မှူး ဇီယက်ချ်ကိုလည်း ယူရိုသန်း ၄၀ နဲ့ ခေါ်ယူထားပြီး လာမယ့်ရာသီ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။ 
8 months Ago
Up