ချဲလ်ဆီးကွင်းလယ်လူ ကန်တေကို ပေါင် ၈၆ သန်းဖြင့် ခေါ်ယူရန် ရီးရဲလ်ကမ်းလှမ်းမည်

October 17, 2019

ချဲလ်ဆီးကွင်းလယ်လူ ကန်တေကို ပေါင် ၈၆ သန်းဖြင့် ခေါ်ယူရန် ရီးရဲလ်ကမ်းလှမ်းမည်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ကန်တေကို ခေါ်ယူဖို့အတွက် ပေါင် ၈၆ သန်းနဲ့ ဂျိမ်းရိုဒရီဂွက်ကိုပါ အလိုက်ပေး ကမ်းလှမ်းမယ်လို့ သိရပါတယ်။  ရီးရဲလ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ကန်တေရဲ့ ကစားပုံကို အထူးကြိုက်နှစ်သက်နေပြီး အသင်းရဲ့ နာမည်ကြီးကစားသမား ဂျိမ်းရိုဒရီဂွက်နဲ့ ငွေသား ပေါင် ၈၆ သန်း ထပ်ပေးချေပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းက အပြောင်းအရွှေ့ကာလ နှစ်ခုမှာ ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံထားရတာကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှသာ ဖြစ်မြောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။  အသက် ၂၈ နှစ်ရှိ ကိုလံဘီယာ ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားထွက်ကစားခဲ့ပြီးနောက် အသင်းက ရောင်းချလိုပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။
2 years Ago
Up