ချောင်းဦး

November 21, 2021

ချောင်းဦးတွင် ဆိုင်ကယ်အတူစီးလာသည့် အမျိုးသား ၂ ဦးကို စစ်တပ်က ပစ်ခတ်၊ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်စီးလို့ဆိုပြီး နိုဝင်ဘာ ၂၀ ရက် မနက် ၁၀ နာရီကျော်လောက် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က  "သူတို့က ကျီကုန်းအရှေ့ရွာက။ ချောင်းဦးကနေ ကျီကုန်းကိုအပြန် ခင်မွန်မှာ ပစ်ခံရတာ။ ဘောလုံးကွင်းနားမှာ။ တယောက်က ပြုတ်ကျကျန်ခဲ့တယ်။ သူ့ကို စစ်သားတွေက ကားပေါ်တင်သွားတယ်" လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ကိုတင်မောင်အေးဖြစ်ပြီး ဆိုင်ကယ်မောင်းသူကတော့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီလောက်မှာ စစ်သားတွေဟာ အိမ်စီးကား ၇ စီးနဲ့ ကျီကုန်းရွာက သေဆုံးသူအိမ်ကိုရောက်လာပြီး ရှာဖွေ မွှေနှောက် ပြန်သွားတယ်လို့လည်း သိရပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထွက် ခြောက်မိုင်စစ်ရေးဂိတ်မှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုကြိမ်းမောင်းပြီး ထိုင်ထလုပ်ခိုင်းနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အခုနိုဝင်ဘာလကစပြီး ထားဝယ်၊ မြိတ် အပါအဝင် မြို့နယ် ၈ မြို့နယ် ထက်မနည်းမှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးတာနဲ့ အမျိုးသမီးအနောက်က အမျိုးသား လိုက်ပါစီးနင်းမှုတွေ အမေးအမြန်းမရှိ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။

2 months Ago

September 25, 2021

ချောင်းဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် PDF သတိပေး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး  နုတ်ထွက်ကြဖို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတိပေးလိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရဲ့  အခြေခံအကျဆုံးထောက်တိုင်တွေဖြစ်တဲ့ ရပ်ကျေး/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေအားလုံး နုတ်ထွက်ကြဖို့ ချောင်းဦး PDF က စက်တင်ဘာ ၂၄ ရက်မှာ အသိပေးစာထုတ်ပြန်ထားတာပါ။ 

လိုက်နာရန်ပျက်ကွက်ပါက ဘယ်လို အကြောင်းပြချက်နဲ့ ပျက်ကွက်တာဖြစ်စေ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေ အဖြစ် သတ်မှတ် ချေမှုန်းသွားမယ်လို့ သတိပေးလိုက်တာပါ။

ဒါအပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားအတွက် အခွန်ကောက်ခံနေတဲ့ လျှပ်စစ်ဌာနနဲ့ စည်ပင်ဝန်ထမ်းတွေကိုလည်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပြီး အဲဒီသတိပေးချက်ကို  မပျက်မကွက် လိုက်နာကြဖို့လည်း နောက်ဆုံးအကြိမ်  ပြင်းထန်စွာ သတိချက် ထပ်မံထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၃ ရက်က ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနဲ့ ရေပိုးစာ ကျေးရွာကြားမှာ မန္တလေးမှ မုံရွာသို့ စစ်ကောင်စီတပ်သားတွေ တင်လာတဲ့ စစ်ကားကြီး နှစ်စီးကို ချောင်းဦး PDF နဲ့ မုံရွာ-သံမဏိအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား  ၆ ဦးထက် မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

4 months Ago
More News
Up