ချောင်းဇင်းရွ

September 6, 2021

မြောင်မြို့နယ်၊ ချောင်းဇင်းရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဇင်းကျေးရွာကို စက်တင်ဘာလ ၆ ရက်မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်ကြောင်းက စစ်ကြောင်းတစ်ခု၊ ဧရာဝတီမြစ်ကြောင်းက စစ်ကြောင်းတခုနဲ့ဝိုင်းညှပ်ပြီး ရွာအတွင်းကို သေနတ်ပစ်ခတ်စီးနင်းဝင်ရောက်တဲ့အတွက် ရွာသား တွေ အသက်လုထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က ကျနော်တို့ရွာကို နှစ်ဖက်ညှပ်ပြီး သေနတ်တွေ ပစ်ခတ်ဝင်လာကြတာ၊ ကျနော်တို့တောင် မနည်းအသက်လု ထွက်ပြေးလာကြရတယ်။ မြစ်ထဲဆင်းပြေးတဲ့သူတွေကို လည်း လိုက်ပစ်တယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်၊ ဖမ်းဆီးခံရတာတွေလည်း ရှိတယ်။ အခု ထိခိုက် သေဆုံး ဒဏ်ရာရ ဖမ်းဆီး ခံရသူစားရင်းကတော့ ဘာမှ အတည်မပြုနိုင်သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလော ‌ဒေသခံရွာသားတွေဟာ အသက်လုထွက်ပြေးနေကြရပြီး၊ သက်ကြီးရွယ်အို အချို့နဲ့ ကလေးငယ်အချို့သာ ရွာအတွင်းမှာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

မြောင်မြို့နယ်၊  ချောင်းဇင်းကျေးရွာအနီးက PDF စခန်းတခုကို ပြီးခဲ့တဲ့မေလကတည်းက စစ်တပ်ကဝင်စီးပြီး လက်နက်တွေ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

3 months Ago
Up