သြစတြေးလျ ဘဏ္ဍာရေးမှူး ဂျို့ရှ်-ဖရေဒင်ဘာ့ဂ်ဟာ လွှတ်တော်အတွင်း မိန့်ခွန်းပြောနေချိန်မှာ ထပ်တလဲလဲ ချောင်းဆိုးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှု ခံယူခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုက စီးပွားရေးနဲ့ ဘတ်ဂျက်အပေါ် သက်ရောက်မှုရှိတဲ့အကြောင်း ပြောဆိုနေချိန်မှာပဲ သူဟာ အာခြောက်ပြီး ချောင်းတွေ ဆိုးခဲ့တယ်လို့ ဖရေဒင်ဘာ့ဂ်က ပြောဆိုပါတယ်။
အဲဒီနောက် သူဟာ ဆေးဘက် ဒုတိယအကြီးအကဲနဲ့ တိုင်ပင်ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးကြည့်ဖို့ အကြံပေးခဲ့တဲ့အတွက် ဆေးစစ်ခံယူခဲ့ပြီး အဖြေကို မေ ၁၃ ရက်မှာ ရမယ်လို့ ဖရေဒင်ဘာ့ဂ်က ပြောခဲ့ပါတယ်။
12 months Ago