ချောက် ရေနံအင်ဂျင်နီယာအဖွဲ့

March 5, 2021

ချောက် ရေနံအင်ဂျင်နီယာအဖွဲ့ကို CDM ဆုငွေချီးမြှင့်

မကွေးတိုင်းချောက်ရေနံမြေမှာ မတ် ၅ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး အထွေထွေပင်သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပြီး ချောက်ရေနံမြေ အင်ဂျင်နီယာအဖွဲ့ကို CDM ဂုဏ်ပြုငွေ ၃ သိန်းကျပ်ချီးမြှင့်ခဲ့ပါတယ်။

အဆိုပါ CDM ဆုချီးမြှင့်ငွေကို ဖေးမကူညီလက်တွဲညီ ဂစ်တာတီးလူငယ်များအဖွဲ့က ဂစ်တာတီးပြီး အလှူခံရရှိငွေနဲ့ ချီးမြှင့်ပေးတာလို့ သိရပါတယ်။
ချောက်ရေနံမြေ နွေဦးတော်လှန်ရေး အထွေထွေပင်မသပိတ်စစ်ကြောင်းဟာ ၂၇ ကြိမ်မြောက် ချီတက်ဆန္ဒပြနေကြတာဖြစ်ပြီး အင်အားသောင်းချီ ပါဝင်ပါတယ်။

9 months Ago
Up