ချောက်ရေနံမြေသပိတ်

February 25, 2021

ချောက်ရေနံမြေသပိတ်က CDM ပါဝင်သည့် H²O² စက်ရုံဝန်ထမ်းများကို ချီးမြှင့်ငွေပေးအပ်

မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေကအာဏာရှင်တော်လှန်ရေး ပင်မသပိတ်စစ်ကြောင်း က ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းမှာ လှည့်လည်စဉ် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (H²O²) စက်ရုံဝန်ထမ်းတွေကို CDM ချီးမြှင့်ငွေ သုံးသိန်းပေးအပ်ခဲ့ပါတယ်။

ချောက်ရေနံမြေ အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ ၁၉ ကြိမ်မြောက်ဖြစ်ပါတယ်။

2 years Ago

February 10, 2021

ချောက်ရေနံမြေသပိတ်တွင် အမှတ် ၂ ရေနံချက်စက်ရုံ ဝန်ထမ်းများပါဝင်လာ

မကွေးတိုင်း ချောက်ရေနံမြေက အလုပ်သမားတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်မှာတော့ အမှတ် ၂  ရေနံချက်စက်ရုံ ချောက်မှ စက်ရုံဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာပါတယ်။

ချောက်ရေနံမြေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အနေနဲ့ ပြည်သူတွေလမ်းပေါ်ထွက် သပိတ်မှောက်နေတာဟာ ဒီကနေ့ဆိုရင် ၄ ရက်မြောက်ရှိလာပြီး လူအင်အား ပိုများလာတာကို တွေ့ရပါတယ်။

အဲဒီအထဲမှာ ရေနံမြေအလုပ်သမားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစည်းအရုံးအသင်းအဖွဲ့တွေ၊ သံဃာတော်တွေ၊  ကျောင်းသားကျောင်းသူတွေနဲ့ လုပ်သားပြည်သူတွေ အားလုံး ပူးပေါင်းပါဝင်ပြီး အင်အားသိန်းနဲ့ချီ နေ့စဉ် ဆန္ဒပြနေတာ ဖြစ်ပါတယ်။

မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းကားတွေကလည်း  သပိတ်လမ်းကြောင်းအတိုင်း နေရာဖြန့် အကူညီပေးနိုင်ဖို့ စောင့်ရှောက်လိုက်ပါကူညီပေးနေကြပါတယ်။

2 years Ago
Up