.ချောက်ရေနံမြေလုပ်သား

February 8, 2021

ချောက်ရေနံမြေလုပ်သား သပိတ်စတင်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ ဖေဖော်ဝါရီ ၈ ရက်မနက် ၈ နာရီကစတင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ‌အလုပ်သမားနဲ့ ပြည်သူ အင်အား သောင်းချီပြီး မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ချောက်လမ်းရွာရေနံမြေအလုပ်သမားတွေကကလည်း Civil Disobedience Movement (CDM)အနေ့နဲ့ လုပ်ငန်းခွင်ကို မသွားဘဲ ဒီကနေ့ ဆန္ဒပြတာလို့ အလုပ်သမား အဖွဲ့အစည်းတွေက သိရပါတယ်။

အဆိုပါ ဆောက်ရွက်မှုကို ချောက်-လမ်းရွာရေနံမြေက ဝန်ထမ်းများပါရှိသလို  ရေနံမြေကိုအကျိုးတူပူပေါင်း ဆောင်ရွက်နေတဲ့ Gold Pertrol ကုမ္ပဏီက ဝန်ထမ်းတွေလည်း ပါရှိတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဒေသခံပြည်သူ ၁ သောင်း ကျော်ကလည်း ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီခွဲ့အချိန်ခန့်မှာ အမှတ် (၂ )ရေနံချက်စက်ရုံရှေ့က စတင်ပြီး မြို့အတွင်းကို ဆန္ဒပြ လှည့်လည်နေကြပြီး မနေ့ကထက် ဆန္ဒပြသူ ပိုများလာတယ်လို့သိရပါတယ်။

10 months Ago
Up