ချောက်မြို့တွင် ရိုးရာလက်​လုပ်​မုန့်နှင့် သစ်​သီးသစ်​ဥ ပြပွဲပြိုင်​ပွဲကျင်းပ

August 21, 2019

ချောက်မြို့တွင် ရိုးရာလက်​လုပ်​မုန့်နှင့် သစ်​သီးသစ်​ဥ ပြပွဲပြိုင်​ပွဲကျင်းပ

မကွေးတိုင်း၊ ​ချောက်​မြို့နယ်​ရှိ  ​စာသင်​​ကျောင်းတွေမှာ ​ရိုးရာမုန့်ပြန်​လည်​​ရောင်းချ​စေ​ရေး အတွက် ရိုးရာလက်​လုပ်​မုန့်နဲ့ သစ်​သီးသစ်​ဥပြပွဲပြိုင်​ပွဲကို ​မြို့နယ်​​ကျောင်းကျန်းမာ​ရေးဌာနက ဦးစီး​ပြီး ​ချောက်​မြို့ အမှတ်​(၁)အထထက်တန်း ကျောင်းမှာ ဩဂုတ် ၂၀ ရက်က ပြုလုပ်​ပါတယ်​။ မြို့နယ်​ ​ကျောင်းကျန်းမာ​ရေးဌာနမှ ​ဒေါက်​တာတိုးတိုး​မေက “များ​သောအားဖြင့် ​ရောင်း​နေတာက Ready make ​တွေ ပါကင်​​တွေနဲ့လာတာ သူတို့က ကုန်​ဆုံးရက်​ပါ​ပေမယ့်လည်း တာရှည်​ခံ​ထားလို့ရတဲ့ ပစ္စည်းပါမှာဘဲ၊ ဒါ​တွေက က​လေး​တွေကို ဆိုးကျိုးဖြစ်​​စေတယ်​။ ရိုးရာလက်​လုပ်​မုန့်က​တော့ တ​​နေ့လုပ်​ပြီးရင်​ တာရှည်​ခံမပါတဲ့အတွက်​ သိုးသွားမယ်​ အနံ့ထွက်​လာ​တော့ စားလို့မရမှန်းလည်း သိလာမယ်​။ အဲဒီ​တော့ ​နေ့ချင်း ကုန်​​အောင် ​​ရောင်းမှ အဆင်​​ပြေမယ်​။ အဲ​တော့ ​နေချင်း ကုန်​နိုင်​သ​လောက် ​လုပ်​​ရောင်းကြမယ်။ ​နောက် ​အာဟာရလည်းဖြစ်​တယ်။ နှိုင်းယှဉ်​မရ​အောင်​ ကွာခြားပါတယ်​”လို့ ​ပြောပါတယ်​။ ပြပွဲမှာ ရိုးရာလက်​လုပ်​မုန့် အမျိုး ၄၀ ကျော်​နဲ့ အသီးအနှံ အမျိုး ၅၀ လောက်ကို အင်​အားဖြစ်​​စေ​တဲ့ အ​စာ၊ ခန္ဓာကြီးထွား​စေ​တဲ့ အစာနဲ့ ​ရောဂါကာကွယ်​​စေ​တဲ့ အစာ ဆိုပြီးလည်း ခွဲခြားပြသထားပါတယ်။ ပြိုင်ပွဲဝင်​​ရောက်​ယှဉ်​ပြိုင်​​တဲ့​ အထက်တန်းကျောင်းတွေကို ဆုတွေ​ပေးအပ်​ပြီး မြို့​ပေါ်​ အလယ်​တန်းနဲ့ အလွန်​​ကျောင်း​ပေါင်း ၂၀ ကျော်​ကလည်း ရိုးရာမုန့်တ​မျိုးစီ လာ​ရောက်​ပြသခဲ့ကြ ပါတယ်​။ ချောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက “အားလုံး ကျန်းမာကြံ့ခိုင်တဲ့ ကလေးသူငယ်တွေ ဖြစ်ဖို့အတွက်က နိုင်ငံတော်အဆင့်ကနေပြီးတော့ ပံ့ပိုးမှုအားတွေက အများကြီးလိုအပ်ပါတယ်။ အဲဒါကြောင့်မလို့ လိုအပ်တဲ့အတွက်လည်း အန်တီတို့ လွှတ်တော်ကိုယ်တွေအနေနဲ့တော့ အစိုးရအဖွဲ့အသီးသီးကို ကျောင်းကျန်းမာရေးအတွက် ဘတ်ဂျတ်ငွေ တိုးချဲ့ချီးမြှင့်ပေးဖို့ တင်ပြတောင်းဆိုသွားမှာဖြစ်ပါတယ်”လို့ ​ပြောပါတယ်​။ သတင်း- ကိုလင်း (​ချောက်​)
ေခ်ာက္ၿမိဳ႕တြင္ ႐ိုးရာလက္​လုပ္​မုန္႔ႏွင့္ သစ္​သီးသစ္​ဥ ျပပြဲၿပိဳင္​ပြဲက်င္းပ DVB မေကြးတိုင္း၊ ​ေခ်ာက္​ၿမိဳ႕နယ္​ရွိ ​စာသင္​​ေက်ာင္းေတြမွာ ​႐ိုးရာမုန္႔ျပန္​လည္​​ေရာင္းခ်​ေစ​ေရး အတြက္ ႐ိုးရာလက္​လုပ္​မုန႔္နဲ႔ သစ္​သီးသစ္​ဥျပပြဲၿပိဳင္​ပြဲကို ​ၿမိဳ႕နယ္​​ေက်ာင္းက်န္းမာ​ေရးဌာနက ဦးစီး​ၿပီး ​ေခ်ာက္​ၿမိဳ႕ အမွတ္​(၁)အထထက္တန္း ေက်ာင္းမွာ ဩဂုတ္ ၂၀ ရက္က ျပဳလုပ္​ပါတယ္​။ ၿမိဳ႕နယ္​ ​ေက်ာင္းက်န္းမာ​ေရးဌာနမွ ​ေဒါက္​တာတိုးတိုး​ေမက “မ်ား​ေသာအားျဖင့္ ​ေရာင္း​ေနတာက Ready make ​ေတြ ပါကင္​​ေတြနဲ႔လာတာ သူတို႔က ကုန္​ဆုံးရက္​ပါ​ေပမယ့္လည္း တာရွည္​ခံ​ထားလို႔ရတဲ့ ပစၥည္းပါမွာဘဲ၊ ဒါ​ေတြက က​ေလး​ေတြကို ဆိုးက်ိဳးျဖစ္​​ေစတယ္​။ ႐ိုးရာလက္​လုပ္​မုန္႔က​ေတာ့ တ​​ေန႔လုပ္​ၿပီးရင္​ တာရွည္​ခံမပါတဲ့အတြက္​ သိုးသြားမယ္​ အနံ႔ထြက္​လာ​ေတာ့ စားလို႔မရမွန္းလည္း သိလာမယ္​။ အဲဒီ​ေတာ့ ​ေန႔ခ်င္း ကုန္​​ေအာင္ ​​ေရာင္းမွ အဆင္​​ေျပမယ္​။ အဲ​ေတာ့ ​ေနခ်င္း ကုန္​ႏိုင္​သ​ေလာက္ ​လုပ္​​ေရာင္းၾကမယ္။ ​ေနာက္ ​အာဟာရလည္းျဖစ္​တယ္။ ႏႈိင္းယွဥ္​မရ​ေအာင္​ ကြာျခားပါတယ္​”လို႔ ​ေျပာပါတယ္​။ ျပပြဲမွာ ႐ိုးရာလက္​လုပ္​မုန္႔ အမ်ိဳး ၄၀ ေက်ာ္​နဲ႔ အသီးအႏွံ အမ်ိဳး ၅၀ ေလာက္ကို အင္​အားျဖစ္​​ေစ​တဲ့ အ​စာ၊ ခႏၶာႀကီးထြား​ေစ​တဲ့ အစာနဲ႔ ​ေရာဂါကာကြယ္​​ေစ​တဲ့ အစာ ဆိုၿပီးလည္း ခြဲျခားျပသထားပါတယ္။ ၿပိဳင္ပြဲဝင္​​ေရာက္​ယွဥ္​ၿပိဳင္​​တဲ့​ အထက္တန္းေက်ာင္းေတြကို ဆုေတြ​ေပးအပ္​ၿပီး ၿမိဳ႕​ေပၚ​ အလယ္​တန္းနဲ႔ အလြန္​​ေက်ာင္း​ေပါင္း ၂၀ ေက်ာ္​ကလည္း ႐ိုးရာမုန္႔တ​မ်ိဳးစီ လာ​ေရာက္​ျပသခဲ့ၾက ပါတယ္​။ ေခ်ာက္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစန္းစန္းဝင္းက “အားလုံး က်န္းမာႀကံ့ခိုင္တဲ့ ကေလးသူငယ္ေတြ ျဖစ္ဖို႔အတြက္က ႏိုင္ငံေတာ္အဆင့္ကေနၿပီးေတာ့ ပံ့ပိုးမႈအားေတြက အမ်ားႀကီးလိုအပ္ပါတယ္။ အဲဒါေၾကာင့္မလို႔ လိုအပ္တဲ့အတြက္လည္း အန္တီတို႔ လႊတ္ေတာ္ကိုယ္ေတြအေနနဲ႔ေတာ့ အစိုးရအဖြဲ႕အသီးသီးကို ေက်ာင္းက်န္းမာေရးအတြက္ ဘတ္ဂ်တ္ေငြ တိုးခ်ဲ႕ခ်ီးျမႇင့္ေပးဖို႔ တင္ျပေတာင္းဆိုသြားမွာျဖစ္ပါတယ္”လို႔ ​ေျပာပါတယ္​။ သတင္း- ကိုလင္း (​ေခ်ာက္​)
2 years Ago
Up