ချောက်မြို့

October 14, 2021

ချောက်မြို့တွင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ချောက်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က ဒေသခံ လူငယ်  ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီက  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောက်မြို့ဒေသခံတဦးက ''မနေ့က မနက် ၅ နာရီလောက် အမှတ် ၈ ကွက်သစ်နောက်နားက လူငယ် ၅ ယောက်နဲ့ ညနေ ၆ နာရီ လောက်ကျတော့ အုတ်ဖိုရပ်ကွက်က ၂ ယောက်ကိုဖမ်းသွားတယ်တဲ့။ နာမည်တွေကတော့ စုံစမ်းနေတုန်းမို့ မသိရသေးဘူး။ ရဲနဲ့စစ်သားတွေ လာဖမ်းခေါ်သွားတာပဲ။ ဘယ်ခေါ်သွားမှန်းလည်းမသိဘူး'' လို့ ပြောပြပါတယ်။

အဖမ်းခံရတဲ့ လူငယ်တွေနဲ့ဒေသခံပြည်သူတွေဟာ မြို့ခံတွေဖြစ်ပြီး  ကောင်းရောင်းကောင်းဝယ်နဲ့ ရိုးသားစွာစီးပွားရှာနေသူတွေဖြစ်တယ်လို့ သူတို့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အခုလို မြို့ခံ ၇ ယောက်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့  ဒီဗွီဘီက ချောက်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

သတင်းပေးဒလန်တွေရဲ့  အခွင့်အရေးရလိုမှုနဲ့ မဟုတ်မမှန်သတင်းပေးမှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေက လူငယ်နဲ့လူလတ်ပိုင်းတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာတွေနဲ့ PDF တွေဆိုပြီး ဇွတ်အတင်းဝန်ခံခိုင်းနေတာတွေလည်း ရှိနေပါတယ်။

3 days Ago

August 26, 2021

ချောက်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့မှာ သြဂုတ် ၂၄ ရက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ အပစ်ခံခဲ့ရလို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချောက်မြို့ အမှတ် (၁) ရပ်ကွက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်စိုးဟာ သေနတ်နဲ့ ၃ ချက် အပစ်ခံရပြီး ရှပ်ထိပြီး ဒါဏ်ရာရရှိသွားကာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ပေါင်းပြီးတော့ ချောက်မြို့က ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခအမျိုးမျိုးပေးပြီးတော့ စစ်ကောင်စီရဲ့ သတင်းပေးဒလန်လုပ်ကိုင်နေသူဖြစ်တယ်လို့လည်း မြို့ခံက ပြောပါတယ်။ 

အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပြစ်ခံရပြီးတဲ့ နောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုတွေ ရောက်လာပြီး လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေ ၊ ကားတွေကို ပိတ်ဆို့ စစ်ဆေးရှာဖွေနေပါတယ်။  ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

2 months Ago
More News
Up