ချောက်

November 6, 2021

ချောက်မြို့ စည်ပင်သာယာ အမှိုက်ကားပေါ် ဗုံးပေါက်ကွဲ

မကွေးတိုင်း၊ ချောက်မြို့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ ဝန်ထမ်းအိမ်ရာအနီး အမှိုက်ကားပေါ်မှာ နိုဝင်ဘာ ၅ ရက်နေ့ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “အသံကတော့ အုန်းဆိုအကျယ်ကြီးပဲဗျ။ အဲ့စည်ပင်ရုံးက မြို့ထဲမှာလေ။ ပြီးတော့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့လည်းနီးတာဆိုတော့ သူတို့စစ်သားနဲ့ရဲ့တွေလည်း လန့်ဖြတ်ပြီး တန်းရောက်လာကြတာ။ ဘာတွေဖြစ်ကုန်လည်းတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲ အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သားနဲ့ရဲတွေရောက်လာပြီး နီုးပေါက်ကွဲတဲ့ နေရာနဲ့အနီးရှိ လူနေအိမ်တွေက ပြည်သူတချို့ကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆက်လက်ပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိတဲ့အပြင် ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက လုပ်တယ်ဆိုတာလည်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်းပိုင်းကစလို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးဌာနက ချောက်မြို့ပေါ်က ရေမီတာခွန်မဆောင်တဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေက ရေမီတာတွေကို လိုက်လံဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 months Ago

May 13, 2021

ချောက်မြို့နယ်အနီးမှာ မြေငလျင်လှုပ်

မကွေးတိုင်း၊ ချောက်မြို့နယ်အနီးမှာ မေလ ၁၃ ရက် မနက် ၁၀ နာရီခွဲလောက်က  ရစ်ခ်ျတာစကေး ၄ ဒသမ ၅ ရှိ  ငလျင်တခု လှုပ်ခတ်သွားတယ်လို့ အိန္ဒိယ အမျိုးသား ငလျင်ဗေဒစင်တာ (NCS) က ထုတ်ပြန်ပါတယ်။

ငလျင်ဟာ ဗဟိုချက်အောက် ၁၇၈ ဒသမ ၇ ကီလိုမီတာအနက်ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်ဖြစ်ပါတယ်။ ငလျင်ဗဟိုနဲ့နီးတဲ့ မြို့တွေမှာလည်း  အင်အားနည်းတဲ့ ငလျင်တွေ လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ငလျင်ဗဟိုချက်မှ ၄၇ ကီလိုမီတာအကွာရှိ ချောက်မြို့နယ်၊ ၆၁ ကီလိုမီတာအကွာရှိ ရေနံချောင်းမြို့နယ်တွေမှာ အလွန်အင်အားနည်းပါးစွာ ငလျင်လှုပ်ခတ်သွားပြီး ၈၄ ကီလိုမီတာအကွာက မင်းဘူး၊ ၉၀ ကီလိုမီတာအကွာက မကွေးနဲ့ ၉၆ ကီလိုမီတာအကွာက ပခုက္ကူမြို့တို့မှာတော့ ငလျင်လှုပ်သွားတယ်ဆိုတာတောင် မခံစားလိုက်ရဘူးလို့ ဆိုပါတယ်။  

8 months Ago
More News
Up