ချောကလက်

January 15, 2021

ရေးမြို့နယ်၌ ကိုကိုးပျိုးပင်များ  စတင်စမ်းသပ်စိုက်ပျိုး  

ချောကလက်နဲ့ ဆပ်ပြာရည်တွေ ထုတ်လုပ်ရာမှာ ပါဝင်အသုံးပြုတဲ့  ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ကိုကိုးမျိုး ပျိုးပင်တွေကို  မွန်ပြည်နယ် ရေးမြို့နယ်မှာ ဒေသခံ တောင်သူတွေက စတင်စမ်းသပ် စိုက်ပျိုးလာနေကြပါတယ်။ ရေးမြို့နယ်မှာ တောင်သူတွေက ကိုကိုးပင်  ၃၀,၀၀၀ လောက် လက်ရှိမှာ စမ်းသပ် စိုက်ပျိုးထားကြပါတယ်။ ကိုကိုးသီးကုန်ကြမ်းကို ပြည်တွင်းဈေးကွက်မှာ ဝယ်ယူသူ ပိုမိုကျယ်ပြန့်လာမှ တောင်သူတွေ ပိုမိုစိတ်ဝင်တစား လေ့လာစိုက်ပျိုးလာကြမယ်လို့ ဒေသခံ စိုက်ပျိုးရေးသမားတွေက ဆိုပါတယ်။  ဒါအပြင် ထွက်ရှိလာမယ့် ကိုကိုးသီး ကုန်ကြမ်းတွေကို ဈေးကွက်ရရှိအောင် လုပ်ဆောင်ဖို့၊ တောင်သူတွေ ဝင်ငွေတွေ ပိုမိုရရှိဖို့ အခွင့်လမ်းတွေရအောင် နည်းပညာရှင်ကျွမ်းကျင်သူတွေက လုပ်ဆောင်သင့်တယ်လို့လည်း ကိုကိုးပျိုးပင်စမ်းသပ်စိုက်ပျိုးနေတဲ့ တောင်သူတွေက ပြောပါတယ်။ ကိုကိုးမျိုး ပျိုးပင်တွေကို စမ်းသပ်စိုက်ပျိုးမယ့် စိတ်ဝင်စားမယ့် တောင်သူတွေကို စိုက်ပျိုးတဲ့ နည်းပညာပိုင်းတွေနဲ့ နည်းစနစ်ပိုင်း ပိုမိုသိရှိဖို့အောင် ဆောင်ရွက်ဖို့လည်း လိုအပ်နေဆဲဖြစ်ပါတယ်။  ရေးမြို့နယ်မှာ ကိုကိုးမျိုး ပျိုးပင် ၁ ပင် ကို ကျပ်   ၅ဝဝ ကျပ်အထိ ပေးရပြီး  ပျိုးပင်ကနေ စမ်းသပ်စိုက်ပျိုးလိုက်လို့  သက်တမ်း  ၃  နှစ်ကြာပါက  ကိုးကိုးသီးတွေ စတင်ထွက်ရှိပါတယ်။ ဈေးကွက်ဝင်တဲ့ ကိုကိုးသီးကုန်ကြမ်း  ၁ ပိဿာမှာ လက်ရှိ ကျပ် ၇၀၀ အထိ ပေါက်ဈေး ရတယ်လို့ သိရပါတယ်။  သတင်း- နေမျိုးထွဋ်  ရေး
9 months Ago
Up